ထိုင်းနိုင်ငံ၊ ပထုံထာနီတွင် ဆက်သွယ်ရေးကြိုးအဟောင်းများ ဖြစ်သလိုထားခဲ့မှုကြောင့် ဈေးသည်များနှင့် ဆိုင်ကယ်သမားများ ဒုက္ခရောက်နေ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုံထာနီခရိုင်ရှိ ဆိုင်ခန်းပိုင်ရှင်များနှင့် လမ်းအသုံးပြုသူများသည် မီးလောင်မှုဖြစ်ပွားပြီးနောက် ပြုပြင်ရေးလုပ်သားများ ဖြတ်တောက်ကာ စည်းကမ်းမဲ့ စုပုံထားခဲ့သည့် ဆက်သွယ်ရေးကေဘယ်ကြိုးဟောင်းများကို သက်ဆိုင်ရာမှ အမြန်ဆုံးလာရောက် ဖယ်ရှားပေးရန် တောင်းဆိုနေကြပါတယ်။

ပြီးခဲ့သည့် သုံးရက်ခန့်က လမ်းဆုံအနီးရှိ ဆက်သွယ်ရေးလိုင်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးငြိမ်းသွားပြီးနောက် ဆက်သွယ်ရေးကုမ္ပဏီအသီးသီးမှ ဝန်ထမ်းများလာရောက်၍ လိုင်းသစ်များ ပြုပြင်ချိတ်ဆက်ခဲ့ကြသော်လည်း၊ ပျက်စီးသွားသည့် ကြိုးဟောင်းများကို ဖြတ်တောက်ကာ လမ်းဘေးနှင့် ဆိုင်ခန်းဝင်ပေါက်များရှေ့တွင် ပုံထားခဲ့ကြသည်။

အသက် ၄၆ နှစ်အရွယ် ကြက်သားထမင်းရောင်းသူ မစံဝမ်၏ ပြောကြားချက်အရ အဆိုပါကြက်မောက်သီးလို ပုံနေသည့် ကေဘယ်ကြိုးကြီးများကြောင့် ဖောက်သည်များက ဓာတ်လိုက်မည်ကို စိုးရိမ်ပြီး ဆိုင်ထဲမဝင်ရဲကြသဖြင့် ကပ်လျက်ရှိ ခေါက်ဆွဲဆိုင်အပါအဝင် စီးပွားရေး ထိခိုက်နေရသည်။ ၎င်းကြိုးများကို ဖယ်ရှားပေးရန် အလုပ်သမားများကို ပြောဆိုခဲ့သော်လည်း ၎င်းတို့တာဝန်မဟုတ်ဘဲ ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) ကသာ ဖယ်ရှားရမည်ဟု ငြင်းဆိုခဲ့ကြသည်။

အသက် ၆၉ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား ဦးမင်းဟွာက ဤကေဘယ်ကြိုးအစအနများသည် ကားလမ်းပေါ်အထိ ရောက်ရှိနေသဖြင့် အထူးသဖြင့် ညဘက်အလင်းရောင်မကောင်းချိန်တွင် ဆိုင်ကယ်ဘီးများနှင့် ငြိကာ လဲကျနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ မတော်တဆမှုမဖြစ်ခင် အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း တောင်းဆိုထားသည်။

Source;Thaiger