ရုရှားနိုင်ငံသည် ယူကရိန်းမြို့တော် ကီးယက် နှင့် ဝန်းကျင်ဒေသများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြီးအကျယ်တိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဤတိုက်ခိုက်မှုသည် စစ်ပွဲစတင်ကတည်းက အကြီးမားဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်ဟု စောင့်ကြည့်သူများက ဖော်ပြခဲ့ကြသည်။
ကီးယက်စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ Tymur Tkachenko ၏ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုများကြောင့် လူနေတိုက်တာအဆောက်အအုံများ အပါအဝင် နေရာ ၁၅ ခုကျော် ပျက်စီးခဲ့သည်။ ပျက်စီးမှုများသည် Darnytskyi၊ Sviatoshynskyi၊ Solomianskyi၊ Holosiivskyi နှင့် Dniprovskyi ခရိုင်များတွင် ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် ကားများ မီးလောင်ကျွမ်းမှုများလည်း ပါဝင်ခဲ့သည်။
သမ္မတ Volodymyr Zelenskyy က တိုက်ခိုက်မှုများသည် “ရက်စက်ကြမ်းကြုတ်သည်” ဟုဆိုပြီး “၁၂ နာရီကျော်ကြာ” ခဲ့သည်ဟု ပြောကြားခဲ့သည်။ ရုရှားသည် ထိုးစစ်ဆင်ဒရုန်း ၅၀၀ နီးပါး နှင့် ‘Kinzhal’ အပါအဝင် ဒုံးကျည် ၄၀ ကျော် ကို အသုံးပြုခဲ့ကြောင်း သူက ဆိုသည်။

“မော်စကိုက ဆက်တိုက်တိုက်ခိုက်ပြီး လူတွေကို သတ်ဖြတ်ချင်နေတာပါ။ ဒါကြောင့် ကမ္ဘာ့အကြီးမားဆုံး ဖိအားပေးမှုကိုသာ ခံထိုက်ပါတယ်။ … ရုရှားကို ဒီလိုငွေရှာဖို့ အခွင့်အရေးတွေ မရစေဖို့နဲ့ သံတမန်ရေးကို အတင်းအကျပ်လုပ်ဆောင်စေဖို့ ကျွန်တော်တို့ ဆက်ပြီး တိုက်ခိုက်သွားပါမယ်။” ဟု Zelenskyy က တောင်းဆိုခဲ့သည်။
တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ ကီးယက်မြို့ခံအချို့သည် ဘေးကင်းရန်အတွက် မြေအောက်မက်ထရိုဘူတာများသို့ ခိုလှုံခဲ့ကြသည်။ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ရုရှားအတွက် ပိုမိုတင်းမာလာစေမည့် ကုန်ကျစရိတ်ကို အမြင့်ဆုံးမြှင့်တင်ရမည်ဟု တောင်းဆိုခဲ့သည်။
ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က ဤတိုက်ခိုက်မှုသည် “အရပ်သားများကို ဆန့်ကျင်သည့် စစ်ပွဲတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးအရ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်ရမည်ဟုလည်း တိုက်တွန်းခဲ့သည်။အိမ်နီးချင်း ပိုလန် နိုင်ငံက ၎င်း၏ လေပိုင်နက်ကို ပိတ်ပစ်ပြီး လေတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက ဂျက်လေယာဉ်များကို စေလွှတ်ခဲ့သည်။
Kyiv Post သတင်းစာကလည်း ရုရှား၏နောက်ဆုံးတိုက်ခိုက်မှုကို “သူတို့ မကြုံဖူးသေးတဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။
Source: Al Jazeera