၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် စနေနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဆောင်ခလာခရိုင်၊ စဒေါ (Sadao) နယ်မြေ၊ Ban Bang Khwai ရွာအနီးရှိ ရထားလမ်းကူးတစ်ခုတွင် ကြောက်မက်ဖွယ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဖြူရောင် Isuzu ပစ်ကပ်ကားတစ်စီးသည် ရထားလမ်းကူးတွင် ရပ်တန့်နေစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာသော ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။တိုက်မိသည့်အရှိန်ကြောင့် ပစ်ကပ်ကားမှာ ပေ ၃၀၀ ကျော် (မီတာ ၁၀၀ ကျော်) အထိ လွင့်ထွက်သွားခဲ့ပြီး ကားတစ်စီးလုံး ကြေမွပျက်စီးသွားခဲ့သည်။ CCTV မှတ်တမ်းများအရ ကားသည် ရထားမတိုက်မီ စက္ကန့်ပိုင်းအလိုတွင် ရထားလမ်းပေါ်၌ ငြိမ်သက်စွာ ရပ်တန့်နေခဲ့သည်ကို တွေ့ရှိရသည်။

အသက် ၃၀ အရွယ် ဦးသီရဆက် (Theerasak) ဖြစ်ပြီး ကားအတွင်း ပိတ်မိကာ နေရာတွင်တင် သေဆုံးခဲ့သည်။ ၎င်းသည် ဥထိုင်းဌာနီ (Uthai Thani) ခရိုင်မှ လာသူဖြစ်သည်။ အသက် ၂၆ အရွယ် ဦးဖာနု (Phanu) ဖြစ်ပြီး Padang Besar ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရသည်။
ဒေသခံများ၏ ပြောပြချက်အရ သေဆုံးသူမှာ အဆိုပါကျေးရွာအတွင်းရှိ လူများထံမှ နေ့စဉ် ချေးငွေ (နေ့ပြန်တိုး) လိုက်လံကောက်ခံနေသူဖြစ်သဖြင့် ရွာသားများနှင့် ရင်းနှီးပြီးသားဖြစ်ကြောင်း သိရသည်။ အဆိုပါ ရထားလမ်းကူးတွင် သတိပေးဆိုင်းဘုတ်များကိုလည်း ရှင်းလင်းစွာ တပ်ဆင်ထားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းနေပြီး ဥပဒေကြောင်းအရ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
Source: Khaosod
