ကန်ချနာဘူရီ၊ ထိုင်း — ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်ရှိ Wang Yen ဘူတာရုံတွင် ဒီဇင်ဘာ ၆ ရက်၊ စနေနေ့၊ ညနေ ၅:၀၂ နာရီခန့်က ရထားအမှတ် ၄၈၆ ကို တွဲဆိုင်းသည့် လုပ်ငန်းစဉ်အတွင်း ရထားတွဲ ဆက်ရာတွင် အရှိန်ပြင်းစွာ ခုန်တိုက်မိမှုကြောင့် စုစုပေါင်း ခရီးသည် ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းတော်ဝင် မီးရထား (SRT) က ထုတ်ပြန်ခဲ့သည်။
ရထားအမှတ် ၂၅၉ နှင့် ရထားအမှတ် ၄၈၆ တို့ကြား ဒီဇယ်စက်ခေါင်း တွဲဆက်သည့် လုပ်ငန်းစဉ် (Shunting Operation) ပြုလုပ်နေစဉ် စက်ခေါင်းအမှတ် ၄၂၁၂ သည် ရထားတွဲကို ပြင်းထန်စွာ ဆောင့်မိ တွဲဆက်ခဲ့ခြင်းဖြစ်သည်။ရုတ်တရက် ဆောင့်မိမှုကြောင့် ရထားပေါ်ပါ ခရီးသည် ၁၃ ဦး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး၊ ၉ ဦးကို Paholpolpayuhasena ဆေးရုံသို့လည်းကောင်း၊ ၄ ဦးကို Thanakarn ဆေးရုံသို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။ ကျန်ရှိသည့် ခရီးသည် ၂၀ ခန့် မှာလည်း အသေးစား ဒဏ်ရာများ ရရှိခဲ့သော်လည်း ၎င်းတို့က ဆေးရုံသွားရောက်ရန် ငြင်းဆိုခဲ့သည်။

SRT သည် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ချက်ချင်းပင် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ SRT ဝန်ထမ်းများက ဆေးရုံရောက်ရှိ ဒဏ်ရာရသူများကို သွားရောက်ကြည့်ရှုရန် ညွှန်ကြားထားသည်။ခရီးဆက်လိုသူ ခရီးသည် ၇၀ ဦးအတွက် ဘတ်စ်ကားတစ်စီး စီစဉ်ပေးခဲ့ပြီး ည ၇:၀၅ နာရီတွင် Wang Yen ဘူတာမှ Kanchanaburi ဘူတာနှင့် Kwai မြစ်ကူးတံတားသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။
SRT သည် ခရီးသည်များ၏ ဘေးကင်းရေးကို အမြင့်ဆုံး ဦးစားပေးအဖြစ် အတည်ပြုကာ ဤဖြစ်စဉ်အတွက် အကျိုးဆက်အားလုံးကို ခံရသူများနှင့် ပြည်သူလူထုအားလုံးကို တောင်းပန်ခဲ့ပြီး၊ နောင်တွင် ထပ်မံမဖြစ်ပွားစေရန် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Nation Thailand
