ထိုင်းနာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်မှ ဘတ်4,000 တန် ပုစွန်ထုပ် အကင်(crab omelette) နှင့် ပတ်သက်၍ ဈေးနှုန်းမြင့်တက်မှုကို စုံစမ်းစစ်ဆေးခြင်း

ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ဘန်ကောက်မြို့ရှိ Michelin ကြယ်ပွင့်ရရှိထားသော Raan Jay Fai စားသောက်ဆိုင်မှ နာမည်ကြီး ကဏန်းဥ အကင် (crab omelette) အတွက် ဝယ်ယူသူကို ၂,၅၀၀ ဘတ်ပို၍ တရားမဝင် ငွေတောင်းခံခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဥဒုံ ဆီဆုံဆုန်းမ် (Udom Srisomsong) က ၎င်းတို့သည်  social media influencer တစ်ဦးက Raan Jay Fai စားသောက်ဆိုင်က အဆိုပါဟင်းလျာကို မီနူးတွင် (၁,၅၀၀) ဘတ်ဖြင့် ဈေးဖြတ်ထားသော်လည်း (၄,၀၀၀) ဘတ် ငွေတောင်းခံခဲ့ကြောင်း တင်ပြချက်များကို တုံ့ပြန်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆိုင်တစ်ဆိုင်သည် ဈေးပိုတောင်းမှုအတွက် ဘတ် (၁၀,၀၀၀) အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည်ဟု ဥဒုံက ပြောကြားပါခဲ့သည်။

ဈေးပို၍ကြီးသော၊ အထူးဟင်းလျာများအတွက် ဈေးနှုန်းများပြသရန် ပျက်ကွက်ပါက ဆိုင်ပိုင်ရှင်သည် နောက်ထပ် ဘတ် (၁၀,၀၀၀) အထိ ဒဏ်ကြေးချမှတ်ခံရနိုင်သည်။

တရားဝင်မဟုတ်သည့် အထူးဟင်းလျာ သို့မဟုတ် ဟင်းလျာအပိုများကို မှာယူခဲ့ခြင်းမရှိသော်လည်း မီနူးတွင် (၁,၅၀၀) ဘတ်ဟု ဈေးနှုန်းဖော်ပြထားသည့် ကဏန်းဥ အကင်အတွက် (၄,၀၀၀) ဘတ်တောင်းခံခဲ့သည်ဟု မကြာသေးမီက တိုင်ကြားခဲ့သည့် ဖော်လိုဝါ (၁.၆) သန်းရှိသော  Youtuber တစ်ယောက်ဖြစ်တဲ့ PEACHII ကို တာဝန်ရှိသူများက ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

Raan Jay Fai တွင် ခုနစ်ကြိမ်တိုင်တိုင် Michelin ကြယ်ပွင့်ရရှိခဲ့သော အသက် ၈၂ နှစ်အရွယ် စားဖိုမှူးကြီး Supinya  “Jay Fai” Junsuta ရှိသည်။ ထိုနာမည်ကြီးစားသောက်ဆိုင်သည် ဘန်ကောက်မြို့ ဖရာ နခွန်းခရိုင်၊ မဟာချိုင်လမ်းပေါ်တွင် တည်ရှိသည်။ ထိုင်းဘာသာစကားဖြင့် “ဂျေး” ဆိုသည်မှာ အစ်မကြီးဟု အဓိပ္ပာယ်ရပြီး “ဖိုင်” ဆိုသည်မှာ အရေပြားပေါ်ရှိ မှဲ့ကို ရည်ညွှန်းသည်။

ဌာနအနေဖြင့် Raan Jay Fai စားသောက်ဆိုင်ပိုင်ရှင်ကိုလည်း မေးမြန်းမည်ဖြစ်ပြီး၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ ဆုံးဖြတ်မည်ဟု ဥဒုံက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Bangkok Post