ဆိုရှယ်မီဒီယာရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန (the Cyber Crime Investigation Bureau) (CCIB) က ထိုင်းနိုင်ငံ၊ ပထုံထနီ (Pathum Thani) ခရိုင်ရှိ ဇိမ်ခံအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အွန်လိုင်းလောင်းကစားဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်ဖြစ်သူဟု ယူဆရတဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘတ်ငွေ (၅၆) သန်းတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တာပါတယ်။
ဖြစ်စဉ်မှာ (CCIB) ၏ ဦးစီးအရာရှိရဲအုပ်ကြီး အဒီချ အမွန်ပဒါဒစ် (Pol Col Adichart Amornpradit) ၏ ဦးဆောင်မှုဖြင့် ပထုံထနီ(Pathum Thani)ပြည်နယ်၊ ခလောင်းလွမ်ခရိုင်၊ ခလောင်းနုန်ဒေသရှိ သံသယရှိသည့် အိမ်တစ်လုံးကို ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ရှာဖွေစစ်ဆေးခဲ့ပါသည်။
ထိုအိမ်သို့ ဝင်ရောက်ရှာဖွေခြင်းကို ပထုံသာနီတရားရုံးက အင်္ဂါနေ့တွင်ထုတ်ပေးသော ရှာဖွေခွင့်အမိန့်ဖြင့် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခွင့်အမိန့်ကို ခွန်ကရန်တရားရုံးက တနင်္လာနေ့တွင် ထုတ်ပေးခဲ့သည်။

ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ အဆိုပါ လောင်းကစားဂိုဏ်းဟာ (Auto888vip) အမည်ရှိတဲ့ ဝက်ဘ်ဆိုက်ကို အခြေခံပြီး လည်ပတ်နေတယ်လို့ CCIB က ပြောကြားခဲ့ပါတယ်။ ထိုဝက်ဘ်ဆိုက်မှာ ပုံမှန်လောင်းကစားသူ (၃,၀၀၀) ခန့်ရှိပြီး တစ်နှစ်ကို ဘတ်ငွေ သန်း ၁၀၀ လောက် လည်ပတ်နေတယ်လို့ သိရှိရပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနှစ် မေလအထိ လည်ပတ်ခဲ့တယ်လို့ ရဲဘက်မှ ဖော်ထုတ်ခဲ့ပါတယ်။
ဝင်ရောက်ရှာဖွေစဉ်အတွင်း ဂိုဏ်းအတွက် ငွေထုတ်ယူသူနဲ့ အကျိုးခံစားခွင့်ရှိသူဖြစ်တဲ့ အသက် ၃၀ အရွယ် (Taweesak) ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဘတ် ၁၅ သန်းတန်ဖိုးရှိတဲ့ ဇိမ်ခံကားနှစ်စီး၊ ဘတ် ၇ သန်းတန်ဖိုးရှိတဲ့ အိမ်တစ်လုံးနဲ့ ဘတ် ၂၈ သန်းတန်ဖိုးရှိတဲ့ ငွေသားတွေ ပါဝင်ပါတယ်လို့ သိရှိရပါတယ်။
သတင်းများအရ ရဲတပ်ဖွဲ့မှ အဆိုပါဂိုဏ်းရဲ့ အခြားအဖွဲ့ဝင်များကိုလည်း ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
Source: The Nation Thailand