ထိုင်းနိုင်ငံမှ Blackpink ဖျော်ဖြေပွဲများ စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်

ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် BLACKPINK အဖွဲ့၏ ဖျော်ဖြေပွဲများသည် စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း BLACKPINK WORLD TOUR <DEADLINE> IN BANGKOK ဖျော်ဖြေပွဲများ၏ စီစဉ်သူများက ယနေ့ စနေနေ့တွင် ကြေညာခဲ့သည်။

Rajamangala National Stadium တွင် ကျင်းပမည့် ဖျော်ဖြေပွဲသည် အောက်တိုဘာ ၂၆ ရက်နေ့အထိ ဆက်လက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင်မကြီး သီရိခေတ် (Sirikit The Queen Mother) အား အလေးအနက်ထား ဂါရဝပြုသည့်အနေဖြင့် အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် Rajamangala National Stadium ၌ ကျင်းပမည့် ဖျော်ဖြေပွဲသို့ တက်ရောက်သူများအားလုံး ဝမ်းနည်းခြင်းနှင့် လေးစားမှုကို ဖော်ပြသည့်အနေဖြင့် အဖြူရောင် သို့မဟုတ် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ကြရန် ဖျော်ဖြေပွဲ စီစဉ်သူများက မေတ္တာရပ်ခံ တောင်းဆိုထားသည်။

Source: The Nation Thailand