ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့ဟာ Gen Z တွေအကြား အနှစ်သက်ဆုံးမြို့အဖြစ်သတ်မှတ်ခံရ

Time Out မဂ္ဂဇင်းရဲ့ ၂၀၂၅ ခုနှစ်အတွက် စစ်တမ်းအရ ဘန်ကောက်မြို့ဟာ Gen Z (အသက် ၃၀ အောက်) တွေအကြားမှာ အနှစ်သက်ဆုံးမြို့အဖြစ် သတ်မှတ်ခံရပါတယ်။ ကမ္ဘာ့အကောင်းဆုံးမြို့ စာရင်းမှာ Cape Town က နံပါတ် ၁ ဖြစ်ပေမဲ့ Gen Z လူငယ်တွေရဲ့ သဘောထားကို သီးသန့်ကြည့်တဲ့အခါမှာတော့ ဘန်ကောက်က ထိပ်ဆုံးကို ရောက်ခဲ့တာပါ။

ဘန်ကောက်မြို့ Gen Z အတွက် နံပါတ် ၁ ဖြစ်ရခြင်း အကြောင်းရင်းများကတော့

  • ပျော်ရွှင်မှု – ဘန်ကောက်မြို့ခံတွေဟာ ဖော်ရွေပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတာကြောင့် သူငယ်ချင်းအသစ်တွေ ရဖို့ လွယ်ကူပါတယ်။
  • ကုန်ကျစရိတ် သက်သာခြင်း – နေထိုင်မှုစရိတ် သက်သာတာကြောင့် Gen Z တွေဟာ ငွေကြေးဖိစီးမှုမရှိဘဲ ဘဝကို ပျော်ပျော်နေနိုင်၊ အပြင်ထွက်နိုင်ကြပါတယ်။
  • ယဉ်ကျေးမှုမျိုးစုံရှိခြင်း – ဒီမြို့ဟာ လက်ရာမြောက်ဘုရားကျောင်းတွေကနေ စည်ကားတဲ့ ဈေးဝယ်စင်တာတွေနဲ့ တက်ကြွတဲ့ ညဘက် လူနေမှုဘဝတွေအထိ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ ကြွယ်ဝပါတယ်။

စစ်တမ်းဖြေဆိုခဲ့တဲ့ အသက် ၃၀ အောက်လူငယ်တွေဟာ ဘန်ကောက်မြို့ကို သူငယ်ချင်းအသစ်ဖွဲ့ဖို့ အလွယ်ဆုံးမြို့အဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။ ဒါက မြို့ရဲ့ လူမှုရေးဆွဲဆောင်မှုကို ပိုပြီး မီးမောင်းထိုးပြနေပါတယ်။

ဘန်ကောက်နောက်မှာ Gen Z တွေအနှစ်သက်ဆုံး မြို့တွေကတော့-

  • မဲလ်ဘုန်း၊ ဩစတြေးလျ (ဒုတိယ): မြို့ရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနုပညာနယ်ပယ်ကို ချီးကျူးခံရပါတယ်။ စစ်တမ်းဖြေဆိုသူ ၉၆% က မြို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်တွေကို သဘောကျကြပါတယ်။
  • ကိပ်တောင်း၊ တောင်အာဖရိက (တတိယ): အံ့မခန်းရှုခင်းတွေနဲ့ တန်ဖိုးသင့် လူမှုရေးလှုပ်ရှားမှုတွေကြောင့် လူသိများပါတယ်။
  • နယူးယောက်စီးတီး၊ အမေရိကန် (စတုတ္ထ): လူငယ်တွေအတွက် စိတ်လှုပ်ရှားစရာအ
  • ကောင်းဆုံးမြို့အဖြစ် သတ်မှတ်ခံရပြီး ညဘက်အပန်းဖြေစရာတွေ အမြဲရှိနေပါတယ်။
  • ကိုပင်ဟေဂင်၊ ဒိန်းမတ် (ပဉ္စမ): ချိန်းတွေ့ဖို့နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံရပါတယ်။

Source: The Nation Thailand