ဩဂုတ်လ ၂၃ ရက် တွင် ဖိလစ်ပိုင်အနီး၌ စတင်ဖွဲ့စည်းခဲ့သော ယခုနှစ်၏ ၁၃ ခုမြောက်မုန်တိုင်းဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ‘ကာဂျီကီ’ သည် ထိုင်းနိုင်ငံသို့ ဦးတည်ရွေ့လျားနေကြောင်း ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းနှင့် သက်ရောက်မှုများ ခန့်မှန်းချက်:
ဩဂုတ်လ ၂၄-၂၅ ရက်- မုန်တိုင်းသည် ဗီယက်နမ်ကမ်းရိုးတန်းသို့ ဦးစွာဝင်ရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် အနီးတစ်ဝိုက်အပါအဝင် ကန်ချနာပူရီ၊ ရတ်ချာဘူရီ၊ ဖက်ချဘူရီ၊ ရယောင်း၊ ချန်ထာဘူရီ၊ ထရတ် စသည့် ပြည်နယ်များတွင် မိုးပိုမိုရွာသွန်းလာမည်။
ဩဂုတ်လ ၂၅ ရက်- အားလျော့သွားပြီးနောက် လာအိုနိုင်ငံအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နခွန်ဖနွန်၊ စကွန်နခွန်၊ ဘိုအင်ကန်၊ နွန်ခိုင်း၊ အူဒွန်ဌာနီ၊ လိုအီနှင့် အနီးတစ်ဝိုက်ဒေသများတွင် မိုးသည်းထန်စွာရွာမည်။
ဩဂုတ်လ ၂၆ ရက်- မုန်တိုင်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နန်ပြည်နယ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရပြီး ထာဝမ်ဖာ၊ ဘိုကလူးအာ၊ ချလမ်ဖရာကီယတ်၊ မူအန်းခရိုင်နှင့် အနီးတစ်ဝိုက်တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းမည်။
ဩဂုတ်လ ၂၆-၂၇ ရက်- ဆက်လက်ရွေ့လျားလာပြီး ဖရဲ၊ ဖယောင်၊ ချင်းရိုင်၊ လမ်ပန်၊ လမ်ဖွန်၊ ချင်းမိုင်၊ မယ်ဟောင်ဆွန် စသည့် မြောက်ပိုင်းပြည်နယ်များသို့ ဝင်ရောက်ကာ မိုးအများအပြား ရွာသွန်းစေပြီးမှ အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုနှင့် ရုတ်တရက်ရေကြီးမှုအန္တရာယ်များကို သတိထားကြရန် လိုအပ်ပါသည်။

Source: The Nation Thailand