ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ထွက်ပေါ်လာတဲ့ ၂၀၂၆ ခုနှစ်အတွက် QS World University Rankings ရလဒ်တွေအရ ချူလာလောင်ကွန်း (Chulalongkorn) တက္ကသိုလ် ဟာ ဘာသာရပ် ၄၆ ခုမှာ ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) တက္ကသိုလ်အဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး၊ ဘာသာရပ် ၈ ခုမှာဆိုရင် ကမ္ဘာ့အဆင့်အကောင်းဆုံး ၁၀၀ စာရင်းဝင်ခဲ့ပြီး အထူးသဖြင့် သွားဘက်ဆိုင်ရာပညာ (Dentistry) မှာဆိုရင် ကမ္ဘာ့အဆင့် ၃၂ အထိ ချိတ်ခဲ့တာပါ။ ဒါ့အပြင် ရေနံအင်ဂျင်နီယာ၊ တိရစ္ဆာန်ဆေးကုပညာနဲ့ အနုပညာဖျော်ဖြေမှုဆိုင်ရာ ဘာသာရပ်တွေမှာလည်း ကမ္ဘာ့အဆင့်မီ အရည်အသွေးရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုတွေဟာ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ပညာရေးနဲ့ သုတေသနကဏ္ဍကို အစဉ်တစိုက် မြှင့်တင်နေမှုကို ဖော်ပြနေတာဖြစ်သလို နိုင်ငံတကာကပါ အသိအမှတ်ပြုနေကြတာပဲ ဖြစ်ပါတယ်။
Source; Nation Thailand
