ချွန်ဘူရီ၊ ထိုင်း — ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် SEA Games ရွက်လှေပြိုင်ပွဲ (SSL 47 Mixed Keelboat) တွင် ထိုင်းဘုရင်မကြီးကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ပြီး ထိုင်းနိုင်ငံအတွက် သမိုင်းဝင် ရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
ဘုရင်မကြီးသည် အဖွဲ့အတွင်း ဗျူဟာမြောက် လမ်းညွှန်သူ (Navigator) အဖြစ် တာဝန်ယူရုံသာမက၊ လေတိုက်နှုန်းနှင့် လမ်းကြောင်းကို Compass အသုံးပြု၍ တွက်ချက်ခြင်း၊ ရွက်လှေကို ကိုယ်တိုင်ထိန်းကျောင်းခြင်းတို့ဖြင့် အသင်းသားများနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့သည်။ယခုနှစ် SEA Games တွင် အသစ်တိုးလိုက်သည့် ခြေလျင်ရွက်လှေ (Keelboat – SSL 47) အမျိုးအစားဖြစ်ပြီး ဤပြိုင်ပွဲတွင် ပထမဆုံးသော ရွှေတံဆိပ်ရှင်များ ဖြစ်လာခဲ့သည်။၈ ကြိမ်မြောက် နောက်ဆုံးအချီတွင် ၄၁ မိနစ် ၃၁ စက္ကန့်ဖြင့် ပထမနေရာကို အပိုင်ရယူကာ စုစုပေါင်းရမှတ်အရ ရွှေတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားသို့ ထိုင်းဘုရင်ကြီးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဆုတံဆိပ်များကို အောက်ပါအတိုင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ရွှေတံဆိပ်: ထိုင်းနိုင်ငံ (ဘုရင်မကြီးနှင့် အဖွဲ့)
ငွေတံဆိပ်: မလေးရှားနိုင်ငံ
ကြေးတံဆိပ်: မြန်မာနိုင်ငံ
ဘုရင်မကြီး၏ ဤသို့ ပါဝင်ယှဉ်ပြိုင်မှုသည် ထိုင်းနိုင်ငံ၏ ရွက်လှေအားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ် လူငယ်ကစားသမားများအတွက် ကြီးမားသော လှုံ့ဆော်မှု ဖြစ်စေရန် ရည်ရွယ်သည်။ ပြိုင်ပွဲအပြီးတွင် ဘုရင်ကြီးနှင့် ဘုရင်မကြီးတို့သည် အောင်ပွဲအထိမ်းအမှတ်အဖြစ် အသင်းသားများနှင့်အတူ ဂုဏ်ပြုမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
Source: Nation Thailand
