ထိုင်းအစိုးရသည် ခရီးသွားလုပ်ငန်းကို ပြန်လည်ပေါင်းသင်းတိုးတက်စေရန် လာမည့် အင်္ဂါနေ့၊ ဩဂုတ် ၁၈ ရက် တွင် ခရီးသွားများ အတွက် Cryptocurrency ကို ထိုင်းဘတ်သို့ ပြောင်းလဲအသုံးပြုနိုင်မည့် စနစ် တစ်ခုကို စတင်မည်ဖြစ်သည်။
“TouristDigiPay” ဟူသော အစီအစဉ်သည် ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားလာရောက်သူများ လျော့နည်းခြင်းကြောင့် ခရီးသွားလုပ်ငန်းအနေအထား ညစ်ညမ်းနေမှုကို ဖြေရှင်းရန် အစိုးရက တိုက်ရိုက် အထူးထုတ်လွှင့်လာသော နည်းလမ်းတစ်ခု ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ခရီးသွားများ လျော့နည်းလာမှုကြောင့် ထိုင်းခရီးသွားဈေးကွက်မှာ အကျိုးသက်ရောက်မှု အလွန်ကြီးမားနေသည်။
အစီအစဉ်အသေးစိတ်များကို ဥဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ဘဏ္ဍာရေးဝန်ကြီးဌာန၊ Securities and Exchange Commission (SEC)၊ Anti-Money Laundering Office (AMLO) နှင့် Tourism and Sports ဝန်ကြီးဌာနတို့မှ အရာရှိကြီးများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။
အစိုးရက Cryptocurrency ကို အသုံးချ၍ ခရီးသွားဈေးကွက်ကို ကူညီတိုးတက်စေရန် ဆက်လက်စဉ်းစားလျက်ရှိခဲ့ပြီး ယခုပြီးခဲ့သည့် ဩဂုတ် (၁၃) ရက်တွင် အများပြည်သူထံမှ အမြင်များစုဆောင်းပြီးဆုံးသည့် စီမံကိန်းတစ်ခုလည်း ရှိခဲ့ကြောင်းသိရှိရပါသည်။

စနစ်အသေးစိတ်အရ နိုင်ငံခြားခရီးသွားများသည် SEC ထိန်းချုပ်ထားသည့် ဒစ်ဂျစ်တယ် ပစ္စည်းလုပ်ငန်း နှင့် ထိုင်းဘဏ္ဍာရေးစနစ် (BOT) မှ ခွင့်ပြုပြီး ထိန်းချုပ်ထားသည့် e-money ပေးသွင်းသူများ ဆီတွင် အကောင့်ဖွင့်ရမည်။ စနစ်ကို “Regulatory Sandbox” အတွင်း စမ်းသပ်အသုံးချမည်ဖြစ်ပြီး လုံခြုံရေး၊ စစ်ဆေးရေး၊ အန္တရာယ်ထိန်းချုပ်မှု အတွက် အစိုးရက တိကျစွာ စောင့်ကြည့်မည်။ Digital assets ကို တိုက်ရိုက် ငွေပေးချေမှု အဖြစ် အသုံးမပြုနိုင်ရန် တားမြစ်မည်။ထိုင်းနိုင်ငံတွင် ယာယီနေထိုင်သော နိုင်ငံခြားခရီးသွား (Tourists) များသာ အသုံးပြုခွင့်ရမည်။
စည်းကမ်းသတ်မှတ်ချက်များအနေနဲ့ ခရီးသွားများသည် KYC (Know Your Customer) နှင့် CDD (Customer Due Diligence) စနစ်များအတိုင်း အချက်အလက်စစ်ဆေးမှုများ ကျော်ဖြတ်ရမည်။
စနစ်အသုံးပြုသူများသည် Crypto ကို ဘတ်သို့ ပြောင်းလဲပြီး QR Code စကန်ဖတ်ခြင်း စသည့် နည်းလမ်းများဖြင့် အဆင်ပြေစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်မည်။BOT ၏ Payment Systems and Financial Technology Policy Department မှ အကြီးတန်းဒါရိုက်တာ Naphongthawat Phothikit ၏ အဆိုအရ၊ ဗဟိုဘဏ်သည် နိုင်ငံခြားသားခရီးသွားများအတွက် “Tourist Wallet” ကို ဖန်တီးရန် e-money ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါတယ်။
Tourist Wallet ၏ လုပ်ဆောင်ချက်များကတော့ QR Code ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်မည်။နိုင်ငံအချင်းချင်း QR Payment စနစ် မရှိသေးသော နိုင်ငံမှ ခရီးသွားများအတွက် အထူးအကျိုးရှိမည်။စတင်ချိန်တွင် e-money အခြေခံဖြင့်သာ လည်ပတ်မည်ဖြစ်ပြီး နောင်တွင် နိုင်ငံခြား ငွေသားကဒ်များ (Debit/Credit) နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် အစီအစဉ်ရှိပါသည်။
ငွေလွှဲအန္တရာယ် ကာကွယ်ရေးအနေနဲ့ ငွေလွှဲမှုများသည် ငွေလွှဲပြောင်းမှု တားဆီးရေး (AMLO) စည်းမျဉ်းများအတိုင်း အကွပ်အတည်းများ ချမှတ်ထားမည်။ ကဒ် Terminal သုံးစွဲသည့် သူများအတွက် လစဉ်အသုံးခွင့် (၅၀၀,၀၀၀) ဘတ် သာမန်သုံးစွဲသူများအတွက် လစဉ် (၅၀,၀၀၀) ဘတ် အထိသာ ခွင့်ပြုမည်။AMLO ၏ လမ်းညွှန်ချက်များအရ ငွေကြေးခဝါချမှု အန္တရာယ်များသော လုပ်ငန်းများတွင် ငွေပေးချေခြင်းကို တားမြစ်ထားသည်။ခရီးသွားများသည် အကောင့်ပိတ်သည့်အချိန်တွင်သာ ငွေထုတ်ယူနိုင်မည်ဖြစ်ပြီး တိုက်ရိုက် ငွေသားထုတ်ယူမှုများ မပြုနိုင်သည့် စနစ် ဖြစ်ကြောင်းသိရပါတယ်။
Source: The Nation Thailand