ထိုင်းအလုပ်သမားအဖွဲ့များ စုပေါင်း၍ စက်သုံးဆီဈေးလျှော့ချပေးရန် ဆန္ဒပြတောင်းဆို

ထိုင်းအလုပ်သမားညီညွတ်ရေးကော်မတီ (TLSC) နဲ့ နိုင်ငံပိုင်လုပ်ငန်းများ အလုပ်သမားဆက်ဆံရေးအဖွဲ့ချုပ် (SERC) တို့ ဦးဆောင်တဲ့ ဆန္ဒပြသူ ၁၂၀ ခန့်ဟာ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်နဲ့ စွမ်းအင်ဝန်ကြီးဌာနထံ အချက် ၇ ချက်ပါတဲ့ တောင်းဆိုလွှာကို တင်ပြခဲ့ကြပါတယ်။

ဒီဇယ်တစ်လီတာကို ဘတ် ၃၀ အောက် သာ ထားရှိရန်၊ ဆီချက်ခ (Refining Margin) ကို တစ်လီတာ ၂ ဘတ်အထိ လျှော့ချရန်နှင့် အခွန်ထပ်နေမှုများကို ဖယ်ရှားရန်။PTT ကဲ့သို့သော စွမ်းအင်ကုမ္ပဏီများနှင့် ဆီချက်စက်ရုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို ရပ်တန့်ပြီး နိုင်ငံတော်ပိုင်အဖြစ် ပြန်လည်စီမံခန့်ခွဲရန်။

Photo Courtesy of Thai Enquirer

ပြည်တွင်းရေနံထုတ်လုပ်မှု၊ တင်သွင်းမှုနဲ့ ဆီချက်လုပ်ငန်းဆိုင်ရာ အချက်အလက်အားလုံးကို ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးရန်။ ဆီလှောင်ထားသူများ သို့မဟုတ် ဈေးကစားသူများကို အရေးပေါ်စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အပြစ်ပေးရန်။ ဝန်ကြီးချုပ်အနေနဲ့ အရေးပေါ်အခြေအနေအတွင်း စွမ်းအင်ကဏ္ဍကို ထိန်းချုပ်နိုင်ဖို့ အထူးအာဏာကို အသုံးပြုပြီး စက်သုံးဆီဈေးနှုန်းကို နှိမ်ပေးရန်။

စက်သုံးဆီဈေးကြောင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ ထပ်မတက်အောင် အစိုးရက ထိန်းညှိပေးရန်။

ပုဂ္ဂလိကကုမ္ပဏီများနှင့် ချုပ်ဆိုထားသော မတရားသည့် လျှပ်စစ်ဝယ်ယူမှုစာချုပ်များကို ဖျက်သိမ်းပြီး EGAT (ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအဖွဲ့) ကိုသာ အဓိကထုတ်လုပ်သူအဖြစ် ပြန်လည်ထားရှိရန်။

Source;The Nation