ဘန်ကောက်၊ ထိုင်း — ထိုင်းနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍသည် ပုံမှန်အတိုင်း အေးစက်ခြင်းမျိုးမဟုတ်ဘဲ ရေရှည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ချိန်ညှိမှုကာလကို ရင်ဆိုင်နေရကြောင်း Kiatnakin Phatra (KKP) Financial Group မှ လေ့လာသူများက သတိပေးလိုက်သည်။ KKP ဘဏ်၏ ချေးငွေနှင့် သုတေသနပညာရှင်များက အစုလိုက်အပြုံလိုက် ထုတ်လုပ်သည့် စီမံကိန်းကြီးများခေတ် ကုန်ဆုံးပြီဖြစ်ပြီး၊ Developer များသည် ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်၊ ပစ်မှတ်အုပ်စုကို အတိအကျ သတ်မှတ်ရန်နှင့် သေးငယ်သော စီမံကိန်းများသို့ ပြောင်းရန် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အရောင်းအဝယ်ပမာဏ ၁၅% ကျဆင်းကာ ၇ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်၊ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြံမြေလွှဲပြောင်းမှုများ ၆% ထပ်မံကျဆင်းမည်ဟု ခန့်မှန်းထားသည်။ ဘန်ကောက်တွင်မူ Developer များ၏ အိမ်အသစ်များ ရောင်းချမှု ၂၀% အထိ ကျဆင်းခဲ့သည်။အိမ်ထောင်စု ကြွေးမြီပမာဏသည် GDP ၏ ၉၀% အထိ ရှိနေခြင်းကြောင့် စားသုံးသူများ အပေါင်ခံရန် စွမ်းရည်ကို ပြင်းထန်စွာ ကန့်သတ်ထားသည်။

ဘဏ္ဍာရေးအဖွဲ့အစည်းများက ချေးငွေပေးအပ်မှု စံနှုန်းများကို တင်းကျပ်လိုက်သဖြင့် အိမ်ဝယ်ယူလိုသူများအတွက် အတားအဆီးများ ဖြစ်ပေါ်နေသည်။KKP မှ Kornthip Puckprasurtdee က “လက်ရှိ လူနေအိမ်ရာဈေးကွက်ဟာ အေးစက်နေပြီး အရင်လို ရောင်းအား မထုတ်နိုင်ဘူး။ ဒီလို အေးစက်မှုက နောက်ထပ် ၂ နှစ်မှ ၃ နှစ်အထိ ဆက်ဖြစ်နေဖို့ မျှော်လင့်ရတယ်” ဟု သတိပေးခဲ့သည်။
၂၀၂၅ ခုနှစ်တွင် အိမ်ဟောင်းများ (Pre-owned) သည် အိမ်ခြံမြေလွှဲပြောင်းမှု စုစုပေါင်း၏ ၅၆% အထိ ရှိလာရာ၊ COVID-19 မတိုင်မီ ၃၈% သာရှိခဲ့သော နှုန်းထားထက် သိသိသာသာ မြင့်တက်လာသည်။ ဘတ် ၃ သန်းအောက် အိမ်ရာများသည် စျေးနှုန်းသက်သာခြင်းနှင့် နေရာကောင်းများကြောင့် ဝယ်လိုအား မြင့်တက်နေသည်။
ဈေးကွက်ရှိ အခက်အခဲများကို တုံ့ပြန်သည့်အနေဖြင့် Developer အကြီးစားများသည် လမ်းပန်းဆက်သွယ်ရေးကောင်းသည့် Watthana, Chatuchak စသည့် နေရာများရှိ ကွန်ဒိုမီနီယံများကို “ဝယ်ယူ-ပြုပြင်-ပြန်ရောင်း” (Buy-Renovate-Sell) ဗျူဟာများကို ပိုမိုအသုံးပြုလာကြသည်။
အိမ်ပိုင်အဖြစ် နေထိုင်ရန် ဝယ်ယူကြသူများကို ပစ်မှတ်ထားသည့် Townhouse ကဏ္ဍသည် အိမ်ထောင်စုကြွေးမြီမြင့်မားမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည်။
Source: Nation Thailand
