ထိုင်းအိမ်ခြံမြေဈေးကွက် ၇ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း၊ ဇိမ်ခံအိမ်ရာများ အရောင်းမထွက်ဘဲ ပုံနေ

စီးပွားရေးနှင့် အိမ်ခြံမြေကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ လက်ရှိဈေးကွက်သည် ဈေးနှုန်းနှင့် ဝယ်လိုအား ပြန်လည်ပြုပြင်သည့်အဆင့် (Correction phase) သို့ ရောက်ရှိနေပြီး နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် နောက်ထပ် ၂ နှစ်မှ ၃ နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ရာပိုင်ဆိုင်မှု လွှဲပြောင်းမှုသည် ယူနစ် ၃၀၀,၀၀၀ ခန့် သာ ရှိနိုင်ပြီး ယင်းမှာ ပုံမှန်ရှိလေ့ရှိသော ၄၀၀,၀၀၀ နှင့်နှိုင်းယှဉ်လျှင် သိသိသာသာ လျော့ကျသွားခြင်း ဖြစ်သည်။ဘန်ကောက်နှင့် အနီးတဝိုက်တွင် စီမံကိန်းသစ် စတင်မှုမှာလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၃% ကျော် (ယူနစ် ၂၀,၀၀၀ ခန့်) အထိ ကျဆင်းသွားသည်။

ဘတ် ၂၅ သန်းမှ ၅၀ အကြား တန်ဖိုးရှိသော ဇိမ်ခံအိမ်ရာများမှာ အများအပြား ဆောက်လုပ်ထားသော်လည်း လက်ရှိတွင် ယူနစ် ၃,၀၀၀ ခန့် အရောင်းမထွက်ဘဲ ပုံနေသည်။ ယင်းတို့ကို အကုန်ရောင်းချနိုင်ရန် ၅ နှစ်မှ ၆ နှစ်အထိ ကြာမြင့်နိုင်ပါသည်။အလယ်အလတ်နှင့် ဝင်ငွေနည်းသူများ၏ ဝယ်ယူနိုင်စွမ်း ကျဆင်းသွားခြင်းကြောင့် ကွန်ဒိုရောင်းအားမှာ ၂၈% အထိ ကျဆင်းသွားသည်။

ဘတ် ၂ သန်းမှ ၅ သန်းတန် တောင်းဟောက်စ်များမှာ အရောင်းမထွက်သေးသည့် ယူနစ်စုစုပေါင်း၏ ၅၇% (ယူနစ် ၁၁၅,၀၀၀ ခန့်) အထိ ရှိနေသဖြင့် ဈေးနှုန်းတိုက်ပွဲ (Price War) ဖြစ်လာနိုင်သည့် အန္တရာယ် ရှိနေသည်။

စုစုပေါင်း ၄% ခန့် ကျဆင်းသွားသည်။ ချောင်ပူရီ (Chonburi) နှင့် ချင်းမိုင် (Chiang Mai) တို့တွင် အရောင်းအဝယ် သိသိသာသာ လျော့ကျသွားသော်လည်း ဘန်ကောက်နှင့် ဖူးခက် (Phuket) တို့တွင်မူ ဝယ်လိုအား ကောင်းမွန်နေဆဲ ဖြစ်သည်။ရထားလမ်းသစ်များ (ခရမ်းရောင်လိုင်း၊ ပန်းရောင်လိုင်းနှင့် လိမ္မော်ရောင်လိုင်း) အနီးရှိ နေရာများသည် အလားအလာကောင်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဖူးခက်တွင် နိုင်ငံတကာကျောင်းများအနီး အခြေချလိုသည့် မိသားစုများကြောင့် အရောင်းအဝယ် ဆက်လက်မြင့်တက်နေသည်။

ဘဏ်များက ချေးငွေထုတ်ပေးရာတွင် ပိုမိုတင်းကျပ်လာသောကြောင့် ၂၀၂၅-၂၀၂၆ အတွင်း အိမ်ရာစီမံကိန်းအသစ်များအတွက် ချေးငွေခွင့်ပြုချက်ပမာဏမှာ ၂၀% ခန့် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

Source: Nation Thailand