ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များအကြား နယ်စပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် Burapha Task Force က ဗုဒ္ဓဟူးနေ့တွင် စ ကဲအို (Sa Kaeo) ပြည်နယ်ရှိ နယ်စပ်ခရိုင် ၄ ခု၌ စစ်အုပ်ချုပ်ရေးဥပဒေကို အသက်သွင်းကာ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။
Task Force တပ်မှူး ဗိုလ်ချုပ် Benjaphon Dechatiwong Na Ayutthaya က နိုင်ငံတော် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ထိုင်းနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် ဤအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိစပ်နေသော အောက်ပါ ခရိုင် ၄ ခုတွင် ညမထွက်ရအမိန့်ကို ချက်ချင်း အာဏာတည်စေခဲ့သည်။
Ta Phraya ခရိုင်
Khok Sung ခရိုင်
Aranyaprathet ခရိုင်
Khlong Hat ခရိုင်
ဤအမိန့်ကို ၁၉၁၄ ခုနှစ် စစ်အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၁ (၆) အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူများအား ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းကို တားမြစ်ထားသည်။
Burapha Task Force သည် ပထမတပ်မတော်၏ လက်အောက်ခံဖြစ်ပြီး စ ကဲအိုပြည်နယ်ရှိ ကမ္ဘောဒီးယားနယ်စပ်ကို ကြီးကြပ်သည်။ ညမထွက်ရအမိန့်အရ စစ်တပ်က ခရိုင် ၄ ခုကို ထိန်းချုပ်ထားပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် အနှောင့်အယှက်များ သို့မဟုတ် ခြိမ်းခြောက်မှုများကို တားဆီးရန်အတွက် တစ်ဦးချင်းစီအပေါ် အာဏာနှင့် ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဤအမိန့်သည် နောက်ထပ် အသိပေးခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုမချင်း အကျိုးသက်ရောက်နေမည် ဖြစ်သည်။
Source: Bangkok Post
