ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်မှုသံသယနဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရပါတယ်။
ဇူလိုင် ၆ ရက်နေ့က ဟိုတယ်ဝန်ထမ်းတွေရဲ့ သတင်းပေးပို့မှုအရ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး လည်ပင်းမှာ နိုင်လွန်ကြိုးနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။
အသက် ၄၁ နှစ်အရွယ် ကင်လို့ သိရတဲ့ အမျိုးသားကတော့ ဇနီးဖြစ်သူ ဖောက်ပြန်တယ်ဆိုပြီး စကားများရာကနေ သတ်ခဲ့တာလို့ ဝန်ခံထားပါတယ်။ ကင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အမှုဆက်လက်စုံစမ်းနေပါတယ်။