ဒန်နပ်စ် (Danas) မုန်တိုင်းကြောင့် ဒေသအများအပြားမှာ မိုးအများအပြား ရွာသွန်းနိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ မနက် ၄ နာရီမှာ တရုတ်နိုင်ငံ ကျဲ့ကျန်း (Zhejiang) ပြည်နယ်ကို ဒန်နပ်စ်အပူပိုင်းမုန်တိုင်း ဝင်ရောက်ခဲ့တာပါ။
ဒီမုန်တိုင်းဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်မှာ မဟုတ်ပေမယ့် အနောက်တောင်မုတ်သုံလေကို အားကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီယက်နမ် (Vietnam) နိုင်ငံ မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းနဲ့ ပေါင်းစပ်ပြီး နိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။
ဒါကြောင့် ပြည်သူတွေ၊ အထူးသဖြင့် တောင်ခြေ၊ မြစ်ကမ်းဘေးနဲ့ နိမ့်တဲ့ ဒေသတွေက နေထိုင်သူတွေအနေနဲ့ ရုတ်တရက် ရေကြီးမှုနဲ့ ရေကြီးရေလျှံမှုတွေကို သတိထားကြဖို့ အကြံပြုထားပါတယ်။
ပင်လယ်ပြင်မှာတော့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ၂ မီတာခန့် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျတဲ့နေရာတွေမှာ ၂ မီတာအထက် လှိုင်းကြီးနိုင်ပါတယ်။ သင်္ဘောတွေအနေနဲ့ သတိထားပြီး မိုးသက်လေပြင်းကျတဲ့ နေရာတွေမှာ ရွက်လွှင့်တာကို ရှောင်ကြဉ်ကြဖို့ ထိုင်းမိုးလေဝသဌာနက အသိပေးထားပါတယ်။