ဩဂုတ်လ ၇ ရက်နေ့ အစောပိုင်းတွင် ပလတ်စတစ်အိတ်ထုတ်လုပ်သည့် စက်ရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘတ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။ Phetchaburi ပြည်နယ်ရှိ Universal Flexible Packaging Company စက်ရုံတွင် ဖြစ်ပွားခဲ့ပြီး အရေးပေါ်မီးငြိမ်းသတ်မှုများကို နှစ်နာရီကျော်ကြာ လုပ်ဆောင်ခဲ့ရကြောင်းသိရှိပါသည်။ ယခု တစ်ခါမီးလောင်းမှုမှာ ၎င်းစက်ရုံတွင် ဖြစ်ပွားခဲ့သည့် တတိယအကြိမ်မြောက် မီးလောင်မှု ဖြစ်သည်။
Phetchaburi ပြည်နယ်၊ ခေါက်ယွိုင်း ( Khao Yoi) ရဲစခန်းမှ ရဲမှူးကြီး ဆုန်ဖုန်ခမ်တာဝ ( Sompong Khamtawee) က မီးလောင်မှုအကြောင်း သတင်းရရှိပြီးနောက် ရဲမှူးကြီး ထစ်ပ် ခင်မ်ခွန် ( Thip Khengkhoom) နှင့် Khao Yoi ခရိုင်အုပ်ချုပ်ရေးမှူး နာ့ရုနတ် မွန်(n) စံ ( Naruenat Mueangsaen) တို့ကို ချက်ချင်း အကြောင်းကြားခဲ့သည်။
အနီးနားရှိ နေရာများမှ မီးသတ်ကား (၁၀) စီးကျော်၊ အမျိုးသား ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့၊ ဒေသန္တရအစိုးရအဖွဲ့အစည်းများနှင့် စေတနာ့ကယ်ဆယ်ရေးဝန်ထမ်းများက အဆောက်အအုံအတွင်းမှ ပြင်းထန်သော မီးတောက်များ မီးငြိမ်းသတ်ရန်ရောက်ရှိခဲ့ပါသည်။

အစားအသောက်ထုပ်ပိုးသည့် ပလတ်စတစ်အိတ်များ ထုတ်လုပ်သော ဤစက်ရုံတွင် မီးလောင်လွယ်သော ပစ္စည်းများဖြစ်သည့် သတ္တုဖျော်ဆေးနှင့် အရက်တို့ သိုလှောင်ထားသဖြင့် မီးလောင်မှု ပိုမိုလျင်မြန်ပြီး ပြင်းထန်ခဲ့သည်။ မီးငြိမ်းသတ်ရေး လုပ်ငန်းများကို အထောက်အကူပြုရန်အတွက် အဆောက်အအုံ၏နံရံများကို ဖြိုချရန် ဘက်ဟိုးယာဉ်တစ်စီးကို အသုံးပြုခဲ့ပြီး အရေးပေါ်ဝန်ထမ်းများက ရေနှင့် မီးသတ်မြှုပ်များကို အတွင်းသို့ လောင်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သော်လည်း မီးကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ဤစက်ရုံသည် ယခင်ကလည်း ပြင်းထန်သော မီးလောင်မှုများကို ကြုံတွေ့ခဲ့ရပြီး ဤဖြစ်စဉ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ မီးလောင်ရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း KhaoSod သတင်းတွင် ဖော်ပြထားသည်။
ရဲမှူးကြီး Thip Khengkhoom က ယခင် မီးလောင်မှုများမှာလည်း ပြင်းထန်ခဲ့ကြောင်း ပြောသည်။ ရဲတပ်ဖွဲ့က အကြောင်းရင်းကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: Thaiger