ပတ္တရာမြို့၌ ဗြိတိန်အမျိုးသားတစ်ဦးသည် လူနာတင်ယာဉ်တစ်စီးရှေ့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကွေ့ပတ်မောင်းနှင်ခဲ့ပြီးနောက် အခြားမော်တော်ဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့သဖြင့် တနင်္လာနေ့နံနက်အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
Sawangboriboon Foundation Pattaya မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက နံနက် (၄:၃၀) နာရီခန့်တွင် Thep Prasit လမ်းတစ်လျှောက် လူနာတင်ယာဉ်ဖြင့် သွားနေစဉ် နိုင်ငံခြားသားတစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် ၎င်းတို့၏ရှေ့သို့ ဖြတ်ဝင်လာကြောင်း ပြောကြားခဲ့သည်။
လူနာတင်ယာဉ်မောင်းသူက လမ်းဖယ်ပေးရန် ဥဩဆွဲအချက်ပြတဲ့အခါတွင် မော်တော်ဆိုင်ကယ်စီးသူက ဆက်လက်၍ ကွေ့ပတ်မောင်းနှင်ကာ လက်ထောင်ပြကာ ရိုင်းစိုင်းသောအပြုအမူ လုပ်ခဲ့ကြောင်း သိရပါသည်။
ထို့နောက်တွင် မော်တော်ဆိုင်ကယ်စီးသူသည် အရှိန်မြှင့်မောင်းနှင်ခဲ့ပြီး ခဏအကြာတွင် အခြားမော်တော်ဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရဲများရောက်ရှိလာပြီး လက်ထောင်ပြကာ ရိုင်းစိုင်းသောအပြုမူလုပ်ခဲ့သည် မော်တော်ဆိုင်ကယ်စီးသူကို ဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။
Source: Bangkok Post