ဂါဇာမြို့နယ်ရှိ ဟာမတ်စ်နှင့် ပယ်လက်စတိုင်န့်အစ္စလာမစ်ဂျီဟတ်အဖွဲ့များ(Hamas and Palestinian Islamic Jihad)က ဖမ်းဆီးထားသောအစ္စရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ဒဏ်ရာပြင်းထန်နေမှုကို ရိုက်ကူးထားသည့် ဗီဒီယိုများထုတ်ပြန်ခြင်းနောက်ပိုင်းတွင် အစ္စရေးနိုင်ငံတစ်ဝှမ်း ရှိသောင်းနဲ့ချီသည့်ပြည်သူတို့သည် စနေနေ့ညတွင် တယ်လ်အာဗီဗ်မြို့၏ အဓိကရင်ပြင်၌ ဆန္ဒပြရန် စုဝေးခဲ့ကြပြီး “စစ်ပွဲရပ်ပါ” နှင့် “မည်သူမျှကျန်မထားနိုင်” ဟုရေးသားထားသော ဆိုင်းပုဒ်ကဒ်များကို ကိုင်ဆောင်ကာ မျှော်လင့်ခြင်းနဲ့ ငိုကြွေးခြင်းတို့ပြုခဲ့ကြပါသည်။
လတ်တလောတွင် ထုတ်ပြန်ခဲ့သော ဗီဒီယိုများတွင် အဲဗီယာတာ ဒေးဗစ် နှင့် ရောမ် ဘရာစ်လာဖစကီ (Evyatar David and Rom Braslavski) တို့ကို မြင်တွေ့ရမှာဖြစ်ပြီး ဒေးဗစ်အား ဗီဒီယိုထဲတွင် မိမိအတွက်သုသာန်တူးနေသည်ကို မြင်နိုင်ပါတယ်။ ဒါအပြင် သူ၏ခန္ဓာကိုယ်မှာ ပိန်လီပြီးဖြူဖျော့လွန်းသော အခြေအနေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ထိုဗီဒီယိုကို မိသားစု၏ခွင့်ပြုချက်ဖြင့် ဆန္ဒပြပွဲအတွင်း မျက်နှာပြင်တစ်ခုတွင် ပြသခဲ့ပြီး၊ ငိုကြွေးမှုများနှင့်အတူ များစွာအကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။
ဘရာစ်လာဖစကီကို ပယ်လက်စတိုင်န့်အစ္စလာမစ်ဂျီဟတ်က ထုတ်ပြန်ခဲ့သောဗီဒီယိုထဲတွင် မြင်တွေ့ရသည်။ ဗီဒီယိုထဲမှရုပ်ပုံများအရ သူသည် အစာအာဟာရမလုံလောက်ကြောင်း၊ ကျန်းမာရေးဆိုးရွားနေကြောင်း ထင်ရှားစွာ တွေ့ရသည်။ ဂျီဟတ်အဖွဲ့က ဇူလိုင်လအတွင်းမှစ၍ ဖမ်းထားသူအဖွဲ့နှင့် ဆက်သွယ်မှု ပြတ်သွားခဲ့ကြောင်းဖော်ပြခဲ့သည်။
ထိုအကျဉ်းသားနှစ်ဦးသည် ဂါဇာတွင် ဆက်လက်ဖမ်းဆီးခံနေရသော အနည်းဆုံး ၅၀ ဦး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ ထိုအကျဉ်းသားများထဲမှ ၂၀ ဦးခန့်သာ အသက်ရှင်ကြောင်း ယူဆနိုင်သည်ဟု အာဏာပိုင်များက ဆိုသည်။

အိုဖီးယာ ဘရာစ်လာဖစကီ(ရောမ်ရဲ့ ဖခင်)ဖြစ်သူက “ငါ့ရောမ်က စားဖို့နဲ့ ရေသောက်ဖို့ပဲလိုတယ်။ အနာရှိတယ်။ စိတ်ရောကိုယ်ပါ ညစ်နွမ်းနေလို့၊ သေတော့မယ်။ စစ်ပွဲကို အဆုံးသတ်ပြီး လူတိုင်းကို ပြန်ပေးပါ” ဟု ပြောဆိုခဲ့သည်။ ရောမ်ရဲ့ မိခင် တာမီကလည်း “ကမ္ဘာတစ်ဝှမ်းကလူတွေဟာ ငါ့ရဲ့သား ရောမ် ဘယ်အခြေအနေမှာရှိတယ်ဆိုတာ မြင်သင့်တယ်။ ငါ့ရဲ့အိပ်မက်ဆိုးတွေက အဖြစ်တကယ်ဖြစ်လာတယ်” ဟု ကြွေးကြော်ခဲ့ကြောင်းသိရှိရပါသည်။
အစ္စရေးဝန်ကြီးချုပ် နက်သန်းယာဟူ သည် rally နောက်ပိုင်းတွင် မိသားစုများအား စကားပြောရာတွင် “ဖမ်းဆီးခံသူများအား ပြန်လည်ရယူရန် ကြိုးပမ်းမှုသည် ဆက်တိုက်အတင်းအကြပ် ပြုလုပ်နေသည်” ဟုဆိုသည်။ ထို့နောက် Red Cross ကိုလည်း ကူညီပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဟာမတ်စ်အဖွဲ့က Red Cross ကို ဖမ်းဆီးခံသူများထံ ဝင်ရောက်ခွင့် ပေးခြင်းမရှိသေးကြောင်း သိရပါသည်။
အနည်းဆုံး ၁၇၅ ဦးသည် စစ်ပွဲကတည်းက အစာအာဟာရမလုံလောက်မှုကြောင့် သေဆုံးခဲ့ကြပြီး၊ နောက်ဆုံး ၄၈ နာရီအတွင်း ၁၃ ဦးက အသက်ဆုံးရှုံးခဲ့ရပါသည်။ ငတ်မွတ်မှုသည် စစ်ပွဲ၏ အန္တရာယ်အဖြစ်အနာဂတ်အတွက်လည်း အရေးကြီးနေသည်။
အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff သည် rally ဖြစ်ပွားချိန်တုန်းက တယ်လ်အာဗီဗ်ရှိ “ဖမ်းဆီးခံသူ စင်တာ” သို့ ရောက်ရှိလာကာ မိသားစုများ ၄၀ ကျော် တွေ့ဆုံခြင်းကို ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အစီအစဉ်က စစ်ပွဲကို ချဲ့ထွင်ဖို့ မဟုတ်ဘဲ အဆုံးသတ်ဖို့ပါ။ ကျွန်တော်တို့က ဆွေးနွေးပွဲတွေကို ‘အားလုံး သို့မဟုတ် ဘာမှမရှိ’ (“All or nothing,”) ဆိုတဲ့ ပုံစံမျိုးကို ပြောင်းလဲသင့်တယ်လို့ ထင်ပါတယ်။ စစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံ (၅၀) ဦးစလုံးကို တစ်ပြိုင်တည်း အိမ်ပြန်ခေါ်လာပါ၊ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ” လို့ Witkoff က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

UN-backed food security အဖွဲ့ကလည်း “Gaza တွင်အစာအာဟာရပြတ်လပ်မှုအဆိုးဆုံးအခြေအနေ (famine) သို့ ရောက်လာနေပြီ” ဟု သတိပေးပြီး ဆေးရုံများတွင်လည်း လူနာထပ်လာမှုကြောင့် Corridor တွင်တောင် လူနာကုတင်များ ထားထားရကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် လူ့အခွင့်အရေးဖျက်စီးမှု၊ ကယ်ဆယ်ရေးပေးမရမှုများကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကလည်း တုန့်ပြန်လာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန(The Palestinian health ministry) က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာကတော့ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ဒေသအနှံ့မှာ အကူအညီတွေ စောင့်ဆိုင်းနေတုန်းမှာ အနည်းဆုံး လူ ၁၀၄ ဦး သေဆုံးခဲ့ပြီး ၁,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
အခုလိုစိတ်ဝင်စားဖွယ် နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် နိုင်ငံတကာသတင်းများကို အချိန်နဲ့တပြေးညီ ဖတ်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Mingalar News ကို Like & Follow လုပ်ဖို့မမေ့နဲ့နော်
Source: CNN