ဖယ်ထုံထန်(n) နဲ့ပက်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကို ဩဂုတ် (၂၉) ရက်တွင်ထုတ်ပြန်ရန်သတ်မှတ် 

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ထိုင်းဝန်ကြီးချုပ် ဖယ်ထုံထန်(n) ရှင်နဝပ် ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် တရားစွဲဆိုထားမှုအပေါ် သြဂုတ်လ (၂၉ )ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

ဖြစ်စဉ်မှာ ဖယ်ထုံထန်(n) သည် ယခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြောဆိုရာတွင် အငြင်းပွားဖွယ် ပြောဆိုမှုတစ်ခု ဖြစ်ခဲ့ပြီး၊ ထိုပြောဆိုမှုသည် ဥပဒေနှင့်မညီဟုဆိုကာ အထက်လွှတ်တော်အမတ်များက ဇူလိုင်လ (၁) ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဟွန်ဆန်မှ အများသိအောင် ဖုန်းပြောဆိုမှုအသံဖိုင်ကို ပေါက်ကြားခဲ့ပြီးနောက် ဖယ်ထုံထန်(n) သည် ဟွန်ဆန်ကို “ဦးလေး” ဟု ခေါ်ဆိုကာ စစ်တပ်ရဲ့ အရာရှိတစ်ဦးအပေါ် မထီမဲ့မြင်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖယ်ထုံထန်(n) က ထိုကိစ္စအတွက် တောင်းပန်ခဲ့သော်လည်း နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ညှိနှိုင်းမှုနည်းလမ်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖယ်ထုံထန်(n) သည် တရားစွဲဆိုမှုကြောင့် ဇူလိုင် (၁) ရက်မှစတင်၍ ဝန်ကြီးချုပ်တာဝန်များမှ ရပ်ဆိုင်းခံထားရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ သြဂုတ်လ (၂၁) ရက်တွင် ဖယ်ထုံထန် နှင့် အမျိုးသားလုံခြုံရေးကောင်စီထံမှ သက်သေခံချက်များကို လက်ခံရယူမည်ဖြစ်ပြီး၊ သြဂုတ် (၂၇) ရက်တွင် အပြီးသတ်လျှောက်လဲချက်များပေးရမည်ဖြစ်သည်။ တရားသူကြီးများသည် သြဂုတ်လ (၂၉) ရက်၊ သောကြာနေ့ နံနက် (၉) နာရီ (၃၀) မိနစ်တွင် ဆွေးနွေးဆုံးဖြတ်ပြီး၊ ညနေ (၃) နာရီတွင် အပြီးသတ်စီရင်ချက်ကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ဝန်ကြီးချုပ်အမှုမတိုင်မီ တစ်ပတ်အလိုတွင် သူမ၏ဖခင်ဖြစ်သူ ယခင်ဝန်ကြီးချုပ် ထပ်ဆင် ရှင်းနာဝပ် (Thaksin Shinawatra) ၏ ဘုရင်ကိုစော်ကားမှုအမှုနှင့်ပတ်သက်၍ သြဂုတ်လ (၂၂) ရက်တွင် ရာဇဝတ်တရားရုံးက အမိန့်ချမှတ်မည်ဖြစ်သည်။ ထိုအမှုမှာ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားသတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် သူပြောခဲ့သည့်စကားများကြောင့် တရားစွဲခံထားရခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာ (၉) ရက်နေ့တွင် သက်ဆင်းသည် (၂၀၂၃) ခုနှစ် သြဂုတ်လမှ (၂၀၂၄) ဖေဖော်ဝါရီလအထိ ရဲတပ်ဖွဲ့ ဆေးရုံတွင် ခြောက်လကြာ နေထိုင်ခြင်းအပေါ် ပြည်ထောင်စုတရားလွှတ်တော် အဆုံးအဖြတ်ကို နားထောင်ရန် တရားရုံးတင်ရမည်ဖြစ်သည်။

အသက် (၇၆) နှစ်အရွယ် သက်ဆင်းသည် (၂၀၂၃) ခုနှစ် သြဂုတ်လတွင် ထိုင်းသို့ ပြန်လာပြီးနောက် အထောင်ချမှတ်ချိန် (၈) နှစ် ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်း သနားငဲ့ညှာဖြင့် တစ်နှစ်သို့ လျှော့ချခံရသည်။ သို့သော် အကျဉ်းထောင်တွင် တစ်ညမျှ မနေရပဲ ခြောက်လကျော်လွန်သည့်နောက် အကျဉ်းမှလွတ်မြောက်ခွင့်ရရှိခဲ့သည်။

တရားရုံးက ထပ်ဆင်၏ အကျဉ်းချမှတ်ချက်ကို သက်ဝင်အောင် မဆောင်ရွက်ခဲ့ဟု ဆုံးဖြတ်လျှင် ထောင်ပြန်သွားရန် အမိန့်ထုတ်နိုင်သည်။

ရှင်းနာဝပ်မိသားစုနှင့်ပတ်သက်သည့် ယခုဆုံးဖြတ်ချက်များသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ဆက်လက်သတ်မှတ်ပေးမည့် အရေးပါသော အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ထားကြကြောင်းသိရှိရပါသည်။

Source: Bangkok Post