ထိုင်းမိုးလေဝသဌာန (TMD) က ၂၀၂၅ ခုနှစ်၏ ၂၆ ခုမြောက် အပူပိုင်းမုန်တိုင်းဖြစ်သော ‘ဖုန်ဝမ်’ (Fung-Wong) တိုင်ဖွန်းမုန်တိုင်း နှင့်ပတ်သက်၍ နောက်ဆုံး အခြေအနေကို ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံကို သက်ရောက်မှုရှိမည် မဟုတ်ကြောင်းအတည်ပြုခဲ့သည်။
တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၉ ရက်)၊ နံနက် ၇ နာရီအထိ မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေသည်။မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံရှိ လူဇွန် (Luzon) ကျွန်းပေါ်သို့ ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အတွင်း အထက် တောင်တရုတ်ပင်လယ် (South China Sea) ထဲသို့ ဝင်ရောက်ရန် မျှော်မှန်းထားသည်။ထို့နောက်တွင် မြောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ထိုင်ဝမ်ရေလက်ကြား (Taiwan Strait) ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

‘ဖုန်ဝမ်’ ဟူသော အမည်မှာ “ဖီးနစ်ငှက်” (တောင်ထိပ်တစ်ခု၏ အမည်လည်းဖြစ်သည်) ကို အဓိပ္ပာယ်ရပြီး ဟောင်ကောင် မှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂျပန်မိုးလေဝသအေဂျင်စီ၏ ဒေသဆိုင်ရာ အထူးပြု မိုးလေဝသစင်တာ (RSMC) တိုကျိုမှ နောက်ဆုံး သတ်မှတ်ပေးသည့် မုန်တိုင်းအမည်လည်း ဖြစ်သည်။
မိုးလေဝသဌာနက ဖုန်ဝမ်မုန်တိုင်းသည် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်မည်မဟုတ်ဘဲ နိုင်ငံ၏ ရာသီဥတုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ သို့သော်လည်း မုန်တိုင်းလမ်းကြောင်းအနီးရှိ ဒေသများသို့ ခရီးသွားမည့်သူများအား မထွက်ခွာမီ ဒေသတွင်း ရာသီဥတုအခြေအနေများကို စစ်ဆေးရန် အကြံပြုထားသည်။
Source: Nation Thailand
