ဘန်ကောက်မြို့ရှိ တရားမဝင် ကာရာအိုကေဘားတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိ

ဘန်ကောက်မြို့ရှိ တရားမဝင် ကာရာအိုကေဘားတစ်ခုတွင် မွေးနေ့ပွဲကျင်းပရန် စုဝေးခဲ့ကြသည့် မြန်မာနိုင်ငံသား ၄၁ ဦးသည် ရဲများက ဝင်ရောက်စီးနင်းရာ၌ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။

Wang Thonglang ရဲများသည် သောကြာနေ့ညက Srivara လမ်းပေါ်ရှိ Town in Town ဟိုတယ်ဘေးမှ လမ်းကြားတွင် အမည်မဖော်ထားသည့် ဘားတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာသည် တစ်ထပ်တိုက်ဖြစ်ပြီး ကာရာအိုကေခန်းသုံးခန်း ပါရှိသည်။

စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၆၀) ဦး ရှိနေခဲ့ပြီး ၎င်းတို့အနက် (၄၁) ဦးမှာ မူးယစ်ဆေးဝါး စစ်ဆေးမှုတွင် မူးယစ်ဆေးသုံးစွဲထားကြောင်း ရဲများက ပြောကြားခဲ့သည်။

မေးမြန်းနေစဉ်အတွင်း အဆိုပါအဖွဲ့သည် သီးသန့်မွေးနေ့ပွဲအတွက် စုရုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှာဖွေစဉ်တွင် vape liquid cartridges များနှင့် အခြားသော တရားမဝင်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည်။

အဆိုပါဘားသည် လိုင်စင်မရှိဘဲ လည်ပတ်နေခြင်းဖြစ်ကြောင်း ရဲများက ပြောကြားခဲ့ပြီး အသက် (၄၈၀ နှစ်ရှိ Paphangkorn ဟုသာ အမည်ဖော်ပြထားသည့် ထိုင်းနိုင်ငံသားပိုင်ရှင်တစ်ဦးကို ဖမ်းဆီးခဲ့သည်။

သံသယရှိသူအားလုံးကို Wang Thonglang ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသတင်းရရှိပါသည်။

Source: Bangkok Post