ဘန်ကောက် MRT ရထားများ New Year ညတွင် နံနက် ၂ နာရီအထိ တိုးမြှင့်ပြေးဆွဲမည်

ဘန်ကောက်၊ ထိုင်း — နှစ်သစ်ကူး Countdown ပွဲတော်ဆင်နွှဲမည့်သူများ အဆင်ပြေစေရန်အတွက် ဘန်ကောက်မြို့ရှိ MRT ရထားလိုင်း ၄ လိုင်းကို New Year ည (ဒီဇင်ဘာ ၃၁ ရက်) တွင် နံနက် ၂ နာရီအထိ တိုးမြှင့်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထိုင်းအစုစပ်အမြန်ပို့ဆောင်ရေးအာဏာပိုင် (MRTA) က ကြေညာလိုက်သည်။

ပုံမှန်အားဖြင့် သန်းခေါင်ယံတွင် ပိတ်လေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညတွင် အောက်ပါလိုင်းများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၊ နံနက် ၂ နာရီ အထိ ပြေးဆွဲပေးမည်ဖြစ်သည်-

▪️ Blue Line (အပြာရောင်လိုင်း)

▪️Purple Line (ခရမ်းရောင်လိုင်း)

▪️Yellow Line (အဝါရောင်လိုင်း – Monorail)

▪️Pink Line (ပန်းရောင်လိုင်း – Monorail)

နောက်ဆုံးရထားများသည် ဂိတ်ဆုံးဘူတာများမှ နံနက် ၂ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။

ခရီးသွားများ စိတ်အေးချမ်းသာစွာ ပွဲဆင်နွှဲနိုင်ရန် ကားပါကင်များကိုလည်း အချိန်တိုးမြှင့်ဖွင့်လှစ်ပေးထားပါသည်။ဘူတာ ၄ ခုရှိ ကားပါကင်အဆောက်အအုံများ ၂၄ နာရီ ဖွင့်လှစ်မည်။Lat Phrao, Thailand Cultural Centre နှင့် Lak Song ရှိ အဆောက်အအုံများနှင့် အခြား ကားပါကင် ၁၁ နေရာ ၂၄ နာရီ ဖွင့်မည်။Khu Khot နှင့် Royal Thai Air Force Museum တို့တွင် ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီ အထိ ဖွင့်မည်။Sri Iam ဘူတာတွင် ဒီဇင်ဘာ ၃၁ (နံနက် ၅ နာရီ) မှ ဇန်နဝါရီ ၂ (နံနက် ၁ နာရီ) အထိ အခမဲ့ ရပ်နားနိုင်သည်။Min Buri ဘူတာတွင် ဒီဇင်ဘာ ၃၁ (နံနက် ၅ နာရီ) မှ ဇန်နဝါရီ ၂ (နံနက် ၂ နာရီ) အထိ အခမဲ့ ရပ်နားနိုင်သည်။

လူစည်ကားသည့်အချိန်များတွင် ခရီးသည်များ စောင့်ဆိုင်းရမှု မရှိစေရန် အပိုရထားတွဲများ ပြင်ဆင်ထားမည်။လူစည်ကားသော ဘူတာများတွင် လုံခြုံရေးနှင့် လမ်းညွှန်ပေးမည့် ဝန်ထမ်းများကို ထပ်မံဖြည့်တင်းထားမည်။လူအလွန်များမည့် ဘူတာများတွင် လက်မှတ်ဝယ်ယူရန် တန်းစီရချိန် လျော့နည်းစေရန် အထူးကောင်တာများ ဖွင့်လှစ်ပေးမည်။

ဒီသတင်းက ဘန်ကောက်မှာ Countdown သွားမယ့်သူတွေအတွက် တကယ့်ကို သတင်းကောင်းပါပဲ။ အသွားအပြန် အဆင်ပြေစေဖို့ MRT Application ဒါမှမဟုတ် ဘူတာက ကြေညာချက်တွေကိုလည်း သတိပြုကြည့်ရှုကြဖို့ အကြံပြုလိုပါတယ်။

Source: Khaosod English