ဘန်ကော် Asoke တွင် ကရိန်းလက်တံပြုတ်ကျ၊ မြန်မာလုပ်သားတစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ

ယနေ့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် (စနေနေ့) နံနက်ပိုင်းက ဘန်ကောက်မြို့၊ ဝပ်ထနာခရိုင်၊ စုခုမ်ဝစ် ၂၁ လမ်း (Soi Sukhumvit 21) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တာဝါကရိန်းလက်တံ ပြုတ်ကျသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အသေးစိတ်မှာ နံနက် ၁၀ နာရီ ၂၇ မိနစ် အချိန်တွင်

Asoke ဈေးဝယ်စင်တာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာရှိ တာဝါကရိန်း၏ လက်တံသည် အောက်သို့ ပြုတ်ကျသွားခဲ့ရာ အောက်တွင် အလုပ်လုပ်နေသည့် အလုပ်သမား ၂ ဦးအပေါ်သို့ ပိမိသွားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးလုပ်သားမှာ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ကယ်ဆယ်ရေးအဖွဲ့များက Vimut–Theptarin ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ၂အမျိုးသားလုပ်သားမှာ အခြေအနေ အလွန်စိုးရိမ်ရပြီး သတိလစ်သွားခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက နှလုံးနှိုးစက် (AED) နှင့် နှလုံးနှိပ်နယ်ခြင်း (CPR) တို့ကို အရေးပေါ်လုပ်ဆောင်ခဲ့ရပြီး ရဲဆေးရုံ (Police General Hospital) သို့ အမြန်ဆုံး ပို့ဆောင်ခဲ့သည်။

လက်ရှိတွင် လုမ္ပဏီ (Lumpini) ရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး၊ ကရိန်းလက်တံ အဘယ်ကြောင့် ပြုတ်ကျရသည်ကို သိရှိနိုင်ရန် ဆောက်လုပ်ရေးတာဝန်ခံများနှင့် အင်ဂျင်နီယာများကို စစ်ဆေးမေးမြန်းကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Source; The Nation