ဘုရင့်မယ်တော် သီရိခေတ် ကွယ်လွန်ခြင်းအတွက် ဝန်ကြီးချုပ်မှ တစ်နှစ်ကြာ ဝမ်းနည်းခြင်းကာလ ကြေညာ

ထိုင်းဝန်ကြီးချုပ် Anutin Queenharnvirakul (အနူတင် ချန်းဗီရာကွန်) သည် ဘုရင့်မယ်တော် သီရိခေတ်(Her Majesty Sirikit The Queen Mother) နတ်ရွာစံခြင်းအတွက် အစိုးရဝန်ထမ်းများအားလုံး အတွက် တစ်နှစ်ကြာ ဝမ်းနည်းခြင်းကာလသတ်မှတ်လိုက်ကြောင်း စနေနေ့ (အောက်တိုဘာ ၂၅ ရက်) တွင် ကြေညာခဲ့သည်။

ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်းဗီရာကွန်သည် ဝန်ကြီးများအဖွဲ့၏ အောက်ပါဆုံးဖြတ်ချက်များကို ထုတ်ဖော်ပြောကြားခဲ့သည်

အောက်တိုဘာ ၂၅ ရက်နေ့မှစတင်၍ ရက် ၃၀ ကြာအောင် အစိုးရရုံးများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် ကျောင်းများအားလုံး တွင် ဘုရင့်မယ်တော်အား ဂုဏ်ပြုသောအားဖြင့် အလံကို တိုင်ဝက်လွှင့်ထူ ရမည်။

Photo Courtesy of GuidingStories

အရပ်ဘက်ဝန်ထမ်းများ၊ နိုင်ငံပိုင်လုပ်ငန်း ဝန်ထမ်းများနှင့် အစိုးရအရာရှိများသည် အောက်တိုဘာ ၂၅ ရက်နေ့မှစ၍ တစ်နှစ်ကြာ ဝမ်းနည်းခြင်းကာလ ကို လိုက်နာရမည်။

ဝန်ကြီးချုပ်က အများပြည်သူအား လိုက်နာဆောင်ရွက်ရန် အောက်ပါအတိုင်း တောင်းဆိုခဲ့သည်။ပြည်သူလူထုအနေဖြင့် ရက် ၉၀ ကြာအောင် ဝမ်းနည်းခြင်းကာလကို လိုက်နာသင့်သည်။ ဝမ်းနည်းခြင်း အမှတ်အသားအဖြစ် ဝတ်ဆင်နိုင်သူများသည် အနက်ရောင် ဝတ်ဆင်ရန်၊ အနက်ရောင် မဝတ်ဆင်နိုင်သူများကမူ အရောင်မှိုင်းမှိုင်း ရှိသော အဝတ်အစားများကို ဝတ်ဆင်ရန် ရည်ရွယ်သင့်သည်။ဖျော်ဖြေပွဲ စီစဉ်သူများသည် သင့်လျော်သော ပွဲပုံစံ (appropriate tone) ဖြစ်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် တောင်းဆိုထားသည်။

Source: The Nation Thailand