မလေးရှားတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး အပါအဝင် နိုင်ငံခြားသား ၇၇၀ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၊ Bukit Bintangဧရိယာမှာ တရားမဝင် နိုင်ငံခြားသား ၇၇၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကြောင့် စက်တင်ဘာ ၂ ရက်နေ့ညက “Ops Belanja” လို့ခေါ်တဲ့ စစ်ဆင်ရေးကြီး ပြုလုပ်ခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၃၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃၇၇ ဦး၊ အိန္ဒိယ ၅၈ ဦး၊ အင်ဒိုနီးရှား ၁၉ ဦးနဲ့ နီပေါနိုင်ငံသား ၇၂ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို သက်သေခံစာရွက်စာတမ်းမရှိတာအပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့ ထိန်းသိမ်းထားပါတယ်။ ဒီစစ်ဆင်ရေးမှာ စီစီတီဗွီ 

ကင်မရာတွေတပ်ဆင်ထားတဲ့ အွန်လိုင်းလောင်းကစားဝိုင်းတစ်ခုကိုပါ ရဲတွေက တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Source: The Nation Thailand