မုန်တိုင်း Kajiki ကြောင့် လေဖိအားနည်းရပ်ဝန်းအဖြစ် အဆင့်လျော့သွားပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ပိုင်း မဲဟောင်ဆုံပြည်နယ်၏ နေရာအတော်များများတွင် ချောင်းရေနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။
သတင်းများအရ မြို့နယ်၊ ဖာဘွန်ကျေးရွာအုပ်စုတွင် ပြေးချောင်းရေသည် ပစ်ကပ်(pickup )ကားတစ်စီးကို မျောပါသွားစေခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦးဖြစ်သည့် နူဆာရာ တုံတဲန်သည် တန်ခွန်ချောင်း၊ မယ်ဂျာမြစ်နှင့် မယ်ဆာမက်မြစ်များ ရေလျှံပြီးနောက် အဖြူရောင် ပစ်ကပ်ကားတစ်စီး မျောပါသွားသည်ကိုပြသသည့် ဗီဒီယိုကို Facebook တွင် တင်ခဲ့သည်။
မဲဟောင်ဆုံပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ ပြည်သူ့ဆက်ဆံရေးရုံးက ဖာဘွန်ကျေးရွာအုပ်စုရှိ ခွန်ယွမ်း-မဲဟောင်ဆွန် အဓိက အဝေးပြေးလမ်းမကြီးပေါ်တွင် ပြေးချောင်းရေများ လွှမ်းနေကြောင်း ကြေညာခဲ့သည်။ သစ်ပင်များနှင့် သစ်ကိုင်းများသည် လမ်းမပေါ်သို့ မျောပါလာသဖြင့် ယာဉ်သွားလာမှုကို ပိတ်ဆို့နေကြောင်းလည်း ပြောကြားခဲ့သည်။
အဝေးပြေးလမ်းမကြီးပေါ်ရှိ ရေကြီးမှုမှာ အင်္ဂါနေ့တွင် မြင့်တက်နေဆဲဖြစ်ပြီး လမ်း၏အစိတ်အပိုင်းအချို့ကို သွားလာ၍မရအောင် ဖြစ်စေခဲ့သည်ဟု ပြည်သူ့ဆက်ဆံရေးရုံးက ထပ်မံပြောကြားခဲ့သည်။

Source: The Nation Thailand