စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ စတင်ရောင်းချခဲ့သည့် နောက်ဆုံးပေါ် iPhone 17 ကို ဘန်ကောက်မြို့ရှိ Apple Central World ဆိုင်တွင် ပထမဆုံး တန်းစီနံပါတ် 001 ဖြင့် ဝယ်ယူခွင့်ရရှိခဲ့သူမှာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင်လည်း အဆိုပါ Apple Store ၌ပင် iPhone အသစ်ကို ပထမဆုံး ဝယ်ယူခွင့်ရရှိခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာအမျိုးသားတစ်ဦးက ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။
iPhone 17 ဝယ်ယူခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးက ဘီဘီစီကို ပြောကြားရာတွင် “မနှစ်က မြန်မာက မိန်းကလေးက နံပါတ် ၁ ဖြစ်တယ်။ ဒီနှစ်က မြန်မာကပဲ ယောကျာ်းလေးတစ်ယောက် နံပါတ် ၁ ရတာ” ဟု ပြောကြားခဲ့သည်။
Apple Store များ၏ နှစ်စဉ် iPhone အသစ်များ စတင်ရောင်းချသည့်နေ့တွင် ဝယ်ယူသူများသည် နံနက်အစောပိုင်းကတည်းက စောင့်ဆိုင်းတန်းစီလေ့ရှိပြီး ပထမဆုံး ဝယ်ယူသူဖြစ်ရန် အပြိုင်အဆိုင် ကြိုးပမ်းလေ့ရှိသည်။ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံသားတစ်ဦးက ပထမဆုံး ဝယ်ယူသူအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
Source: BBC Burmese
