မြန်မာနှင့် ရုရှားနိုင်ငံအကြား (၃၀) ရက် ဗီဇာကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည်

ရုရှားအစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ ဝင်ရောက်နေထိုင်နိုင်မည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ အသက်ဝင်ကျင့်သုံးတော့မည် ဖြစ်သည်။

ဤအစီအစဉ်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ရုရှားနိုင်ငံ၊ မင့်စ် (Minsk) မြို့တွင် ချုပ်ဆိုခဲ့သော အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ နှစ်နိုင်ငံလုံးရှိ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ကိုင်ဆောင်ထားသူများသည် ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်မည် ဖြစ်သည်။

လိုက်နာရမည့် စည်းကမ်းချက်များအနေနဲ့ နေထိုင်ခွင့်ကာလ တစ်ကြိမ်ဝင်ရောက်လျှင် အများဆုံး ရက်ပေါင်း (၃၀) အထိ နေထိုင်နိုင်သည်။ခရီးစဉ်အမျိုးအစားကတော့ အပန်းဖြေခရီးစဉ်နှင့် တိုတောင်းသော ခရီးစဉ်များအတွက်သာ ဖြစ်သည်။ကန့်သတ်ချက် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence)၊ ပညာသင်ကြားခြင်း (Education) သို့မဟုတ် အလုပ်လုပ်ကိုင်ခြင်း (Employment) တို့အတွက် ဗီဇာကင်းလွတ်ခွင့်ကို အသုံးပြု၍မရပါ။နှစ်ပတ်လည်ကန့်သတ်ချက်များကတော့ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်မှုစုစုပေါင်းသည် တစ်နှစ်လျှင် ရက်ပေါင်း ၉၀ ထက် မကျော်လွန်ရပါ။

ယခုအစီအစဉ်ကြောင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရပါသည်။

Source: Nation Thailand