အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ စံချိန်သစ်တင်မယ့် NASA ရဲ့ Artemis II မစ်ရှင်ဟာ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် Kennedy Space Centre ကနေ အောင်မြင်စွာ ပျံတက်သွားပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်ရဲ့ အဓိကအချက်အလက်များ –
- သမိုင်းဝင်စံချိန်: လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် Apollo စီမံကိန်းနောက်ပိုင်း လကမ္ဘာဆီ လူသားတွေ ပထမဆုံးအကြိမ် ပြန်လည်ဦးတည်တာဖြစ်ပြီး၊ အာကာသထဲ မိုင်ပေါင်း ၂၅၂,၀၀၀ အထိ အဝေးဆုံးသွားမယ့် စံချိန်သစ်ခရီးစဉ် ဖြစ်ပါတယ်။
- အာကာသယာဉ်မှူးများ: NASA မှ အာကာသယာဉ်မှူး ၃ ဦးနဲ့ ကနေဒါနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၄ ဦး လိုက်ပါသွားပါတယ်။
- မစ်ရှင်ရည်ရွယ်ချက်: ၁၀ ရက်ကြာမြင့်မည့် ဤခရီးစဉ်သည် ၂၀၂၈ ခုနှစ်တွင် လူသားများ လကမ္ဘာပေါ် အမှန်တကယ်ခြေချမည့် အစီအစဉ်အတွက် အရေးကြီးဆုံး စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်။

အခု Artemis II မစ်ရှင်ဟာ တရုတ်နိုင်ငံရဲ့ လကမ္ဘာခြေချရေး အစီအစဉ်ထက် ဦးအောင် ကြိုးပမ်းနေတဲ့ NASA ရဲ့ အရှိန်အဟုန်မြင့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာကာသယာဉ်မှူးတွေဟာ Orion အာကာသယာဉ်အတွင်းကနေ စစ်ဆေးမှုပေါင်းများစွာကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Source; Nation Thailand
