လီဆာရဲ့ အရှိန်အဝါနဲ့ ထိုင်းခရီးသွားကဏ္ဍကို ကမ္ဘာကပိုသိစေမယ့် LISA Effect ကမ်ပိန်းအသစ်

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ဟာ ကမ္ဘာကျော် K-pop star LISA နဲ့အတူ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်မယ့် ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းအသစ်တစ်ခုကို စတင်တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ “Amazing Thailand Ambassador” အဖြစ် ခန့်အပ်ခံရတဲ့ ထိုင်းနွယ်ဖွား စူပါစတား လီဆာ ဦးဆောင်တဲ့ ဒီကြော်ငြာဗီဒီယို နမူနာကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှာ စတင်ထုတ်လွှင့်သွားမှာပါ။

ဒီကမ်ပိန်းကို “LISA Effect” ဆိုတဲ့ အယူအဆနဲ့ ပုံဖော်ထားပြီး လီဆာရဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို အသုံးချကာ “Phu Lang Ka” အမျိုးသားဥယျာဉ်နဲ့ “Koh Phi Phi” ကျွန်းလို နေရာတွေကို ကမ္ဘာ့အဆင့်မီ ခရီးစဉ်တွေဖြစ်အောင် ဖန်တီးသွားဖို့ ရည်ရွယ်ထားပါတယ်။ TAT အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool ရဲ့ ပြောကြားချက်အရ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ထိုင်းနိုင်ငံရဲ့ အမှတ်တံဆိပ်ကို ပိုမိုခိုင်မာစေမယ့် အဓိက မဟာဗျူဟာတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ ထိုင်းအနုပညာရှင်တွေရဲ့ “Soft Power”ကို အလေးပေးထားပြီး ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆန်းသစ်တဲ့ မြင်ကွင်းတွေနဲ့ ဆွဲဆောင်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ ထွက်ရှိလာမယ့် ဒီကြော်ငြာဗီဒီယိုဟာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့ သမိုင်းဝင် အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။

Source: Thaiger