သွင်းဂိုး ၁,၀၀၀ ပြည့်ရန် ၃၃ ဂိုးသာ လိုတော့သည့် ရော်နယ်ဒို – သမိုင်းဝင်စံချိန်သစ်ကို အမီလိုက်နေ

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ဂိုးသွင်းအရှိန်မပျက်သေးတဲ့ ပေါ်တူဂီဂိုးသွင်းစက်ကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၎င်း၏ကစားသမားဘဝ ရည်မှန်းချက်ဖြစ်တဲ့ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် အလွန်နီးစပ်လာပြီ ဖြစ်ပါတယ်။

မကြာသေးမီက အယ်လ်နာဆာ (Al Nassr) အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ စုစုပေါင်းသွင်းဂိုးဟာ ၉၆၇ ဂိုး အထိ ရှိလာခဲ့ရာ သမိုင်းဝင်စံချိန်သစ်တင်နိုင်ရန် ၃၃ ဂိုး သာ လိုအပ်ပါတော့တယ်။

ရော်နယ်ဒို၏ ကစားသမားဘဝတစ်လျှောက် ကလပ်နှင့် လက်ရွေးစင်အသင်းအလိုက် သွင်းဂိုးစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –

  • ရီးရဲလ်မက်ဒရစ်: ၄၅၀ ဂိုး
  • မန်ချက်စတာယူနိုက်တက်: ၁၄၅ ဂိုး
  • ပေါ်တူဂီလက်ရွေးစင်အသင်း: ၁၄၃ ဂိုး
  • အယ်လ်နာဆာ: ၁၂၃ ဂိုး
  • ဂျူဗင်တပ်စ်: ၁၀၁ ဂိုး
  • စပို့တင်းလစ္စဘွန်း: ၅ ဂိုး

အသက်အရွယ်ကို စိန်ခေါ်ကာ ဂိုးသွင်းစံချိန်သစ်များ ဆက်တိုက်စိုက်ထူနေသည့် ရော်နယ်ဒိုအနေဖြင့် မည်သည့်အချိန်တွင် ဂိုး ၁,၀၀၀ ပြည့်မြောက်သွားမလဲဆိုတာကို ကမ္ဘာ့ဘောလုံးပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိနေကြပါတယ်။

Source; Thairath