အခမဲ့စီးနင်းနိုင်မည့် ရထားလိုင်း ၄ လိုင်း

၁။ Blue Line (အပြာရောင်လိုင်း – Chaloem Ratchamongkhon)

၂။ Purple Line (ခရမ်းရောင်လိုင်း – Chalong Ratchadham)

၃။ Yellow Line (အဝါရောင်လိုင်း – Nakhara Phiphat)

၄။ Pink Line (ပန်းရောင်လိုင်း – Wiwattana Nakhon)

သတ်မှတ်ချက်များ

  • အသက် ၁၄ နှစ်အောက် ဖြစ်ရပါမည်။
  • သို့မဟုတ် အရပ်အမြင့် ၁၄၀ စင်တီမီတာအောက် ရှိရပါမည်။

အခမဲ့စီးနင်းရန် လုပ်ဆောင်ရမည့်အချက်များ

အပြာရောင်လိုင်း နှင့် ခရမ်းရောင်လိုင်း အတွက်:

  • မည်သည့်ဘူတာတွင်မဆိုရှိသော လက်မှတ်အရောင်းကောင်တာ (Ticketing Office) သို့သွားရောက်ပြီး အခမဲ့စီးနင်းခွင့် ကူပွန် (Coupon) ကို တောင်းယူရပါမည်။
  • ရထားစီးရန် ဝင်ရောက်သည့်အခါ ဘေးက အထူးဂိတ်ပေါက် (Special Swing Gate) ကနေ ဝင်ရမှာဖြစ်ပါတယ်။

အဝါရောင်လိုင်း နှင့် ပန်းရောင်လိုင်း အတွက်:

  • ကလေးငယ်သည် မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့်အတူ ခရီးသွားရမည်ဖြစ်ပြီး၊ ဘူတာတစ်ခုတည်းမှ အတူဝင်/ထွက် လုပ်ရပါမည်။
  • လက်မှတ်အရောင်းကောင်တာတွင် အခမဲ့လက်မှတ် ထုတ်ယူနိုင်ပါသည်။
  • အတူပါလာသည့် မိဘ/အုပ်ထိန်းသူများမှာမူ ပုံမှန်နှုန်းထားအတိုင်း လက်မှတ်ခပေးဆောင်ရပါမည်။

Source: Nation Thailand