တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ကို လှုပ်ခတ်သွားစေခဲ့တဲ့ “မမဟုန်” ဇာတ်လမ်းကို ကြားဖူးကြလား။
အသက် ၃၈ နှစ်အရွယ် ‘ကျောက်’ ဆိုတဲ့ အမျိုးသားတစ်ယောက်က မိန်းကလေးအယောင်ဆောင်ပြီး ယောက်ျားပေါင်း တစ်ထောင့်ခြောက်ရာကျော်ကို လှည့်စားခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ သူဘယ်လိုစခဲ့လဲဆိုတော့ “မမဟုန်” နာမည်နဲ့ အွန်လိုင်းအကောင့်အတုတွေ ဖန်တီးခဲ့တာပါ။ ဓာတ်ပုံတွေကို အကြီးအကျယ်ပြင်၊ မိန်းကလေးအသံအတု သုံးပြီး ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်လို ဇာတ်လမ်းအတုတွေ ပြောပြခဲ့တာပေါ့။

သူ့ရဲ့ နေ့စဉ်လုပ်ငန်းတွေက မနက် ၅ နာရီကတည်းက စတယ်။ မိတ်ကပ်လိမ်း၊ ဆံပင်အတု၊ ဆီလီကွန်ရင်သားအတုတွေ တပ်ပြီး မိန်းကလေးအဝတ်အစားတွေ ဝတ်ဖို့ကိုတောင် နှစ်နာရီလောက် အချိန်ယူခဲ့တယ်။ ပြီးရင် အိမ်ရှင်မပုံစံ ဗီဒီယိုတိုလေးတွေ တင်ပြီး Single အမျိုးသားတွေကို ဆွဲဆောင်ခဲ့တယ်။ ယုံကြည်လာပြီဆိုတာနဲ့ သူ့တိုက်ခန်းကို ဖိတ်ပြီး ပိုက်ဆံအစား ဈေးမကြီးတဲ့ အိမ်သုံးပစ္စည်းလေးတွေ လက်ဆောင်ယူလာခိုင်းတယ်။ “ကိုယ်လက်နှီးနှောတာက အခမဲ့” လို့လည်း ပြောခဲ့တာပေါ့။ Gym ကစားသူတွေ၊ ကျောင်းသားတွေ၊ အိမ်ထောင်သည်တွေအထိ ပါဝင်ခဲ့ကြတယ်။ သူ့ရဲ့ ယောက်ျားပုံစံ ခန္ဓာကိုယ် သိသာနေပေမဲ့လည်း “အခမဲ့” ဆိုတာရယ်၊ ‘မမဟုန်’ ရဲ့ လှည့်ဖျားတဲ့နည်းလမ်းတွေရယ်၊ ပြီးတော့ စိတ်ဆန္ဒက ဦးနှောက်ကို လွှမ်းမိုးသွားတာတွေကြောင့် သူတို့ဆက်ပတ်သက်ခဲ့ကြတာပါ။
ဇူလိုင် ၅ ရက်နေ့မှာ ရဲက ‘ကျောက်’ ရဲ့တိုက်ခန်းကို ဝင်စီးပြီး ဆံပင်အတုတွေ၊ ဆီလီကွန်ရင်သားအတုတွေ၊ ဖုန်းတွေ၊ အမည်စာရင်းမှတ်စုစာအုပ်တို့ကို သိမ်းဆည်းခဲ့တယ်။ ပိုက်ဆံပေးရတဲ့ Adult Platform တွေပေါ်မှာ ဗီဒီယိုတွေ တင်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် လှည့်စားခံရတဲ့ ယောက်ျား ၁၆၉၁ ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြားပြီး ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။
Source: Weibo