အယုဒ္ဓယပြည်နယ် ခရိုင် (၆) ခုတွင် ရေကြီးမှုဖြစ်ပွား၊ အိမ်ထောင်စု (၂၅,၀၀၀) ထိခိုက်ပြီး (၁) ဦး သေဆုံး

ချောဖရာဆည်မှ ရေထုတ်လွှတ်မှုကို တိုးမြှင့်ရန် ပြင်ဆင်နေချိန်တွင် အယုဒ္ဓယပြည်နယ်သည် ခရိုင် (၆) ခု၌ ပြင်းထန်သော ရေကြီးမှုနှင့် ရင်ဆိုင်နေရပြီး အိမ်ထောင်စု (၂၅,၀၂၄) စု ထိခိုက်ကာ လူ ၁ ဦး သေဆုံးခဲ့သည်။

ဆည်မြောင်းဦးစီးဌာနက အင်္ဂါနေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့ရာ မြစ်ဖျားပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ချောဖရာမြစ်အတွင်းသို့ ရေများစီးဝင်လာကြောင်း ဖော်ပြခဲ့သည်။ မြစ်ကမ်းနှစ်ဖက်ရှိ ဆည်မြောင်းစနစ်များသို့ ရေလွှဲပြောင်းမှုကို အများဆုံးပြုလုပ်သော်လည်း ပိုလျှံနေသောရေများ ရှိနေဆဲဖြစ်ရာ ရေအဆင့်ကို ထိရောက်စွာထိန်းချုပ်ရန်နှင့် မြေနိမ့်ပိုင်းဒေသများအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ချောဖရာဆည်မှ ရေပိုမိုထုတ်လွှတ်ရန် လိုအပ်သည်ဟု ဆိုသည်။

အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) က ဆည်မှ ရေထုတ်လွှတ်မှုကို တစ်စက္ကန့်လျှင် ကုဗမီတာ (၂,၀၀၀) မှ (၂,၅၀၀) အထိ တိုးမြှင့်ရန် အတည်ပြုခဲ့သည်။ ယင်းသို့ပြုလုပ်ခြင်းသည် မြစ်အောက်ပိုင်းရှိ ရေအဆင့်ကို (၄၀) မှ (၆၀) စင်တီမီတာအထိ မြင့်တက်စေမည်ဟု ခန့်မှန်းရပြီး Sena ခရိုင်ရှိ Hua Wiang ကျေးရွာအုပ်စု၊ Phak Hai ခရိုင်ရှိ Lat Chit နှင့် Tha Din Daengကျေးရွာအုပ်စုများအပြင် Noi မြစ်နှင့် Bang Ban တူးမြောင်းတို့၏ ကမ်းနှစ်ဖက်စလုံးရှိ ဧရိယာများကို ထိခိုက်စေမည်ဖြစ်သည်။ ရေလွှမ်းနေပြီးသား Phak Hai၊ Bang Ban၊ Sena၊ Bang Sai၊ Phra Nakhon Si Ayutthaya နှင့် Bang Pa-in တို့ရှိ မြေနိမ့်ပိုင်းဒေသများသည်လည်း ရေထပ်မံကြီးလာမည်ဖြစ်သည်။

Sena ခရိုင်၊ Hua Wiang ကျေးရွာအုပ်စုတွင် Noi မြစ်မှရေများလျှံလာသဖြင့် Wat Bandai Chang ဘုန်းကြီးကျောင်းဝန်းအတွင်း ရေ (၆၀) မှ (၇၀) စင်တီမီတာအနက်အထိ ရေကြီးခဲ့သည်။ သို့သော်လည်း ကျောင်းဆောင်ကြီးအတွင်းသို့ ရေမဝင်ရောက်ခဲ့သဖြင့် အဓိကဗုဒ္ဓရုပ်ပွားတော်မှာ ထိခိုက်မှုမရှိခဲ့ပါ။

Noi မြစ်တစ်လျှောက်ရှိ နေအိမ်များသည် ရေကြီးနစ်မြုပ်နေပြီး ဒေသခံအများစုသည် သွားလာရေးအတွက် လှေများကို အားထားနေကြရသည်။ Hua Siang တံတားတွင်မူ ရေအဆင့်သည် တံတားမျက်နှာပြင်သို့ နီးပါးရောက်ရှိနေပြီဖြစ်သည်။

စုစုပေါင်းအားဖြင့် Sena၊ Phak Hai၊ Bang Ban၊ Bang Sai၊ Phra Nakhon Si Ayutthaya နှင့် Bang Pa-in စသည့် ခရိုင် (၆) ခုရှိ ကျေးရွာအုပ်စု ၈၇ ခုနှင့် ရွာပေါင်း (၅၅၀) တို့တွင် ရေကြီးမှုဒဏ်ခံနေရသည်။ စုစုပေါင်း အိမ်ထောင်စု (၂၅,၀၂၄) စု ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု သတင်းရရှိပါသည်။

Source: The Nation Thailand