အီရန်နိုင်ငံ၏ အုပ်ချုပ်သူအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းနေခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ၂,၀၀၀ ကျော်အထိ ရှိလာကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာခဲ့သည်။ ဤအခြေအနေအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆန္ဒပြသူများကို ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းလိုက်သည်။
အခွင့်အရေးအဖွဲ့ HRANA ၏ အဆိုအရ စုစုပေါင်း ၂,၀၀၃ ဦး သေဆုံးခဲ့ပြီး (၎င်းတို့အနက် ၁,၈၅၀ မှာ ဆန္ဒပြသူများ ဖြစ်သည်)။ အီရန်အာဏာပိုင်များကလည်း သေဆုံးသူ ၂,၀၀၀ ခန့်ရှိကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံခဲ့သည်။ လူပေါင်း ၁၆,၇၈၄ ဦး ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ထို့အပြင် ထရန့်က ဆန္ဒပြသူများကို သတ်ဖြတ်နေမှုများ မရပ်တန့်မချင်း အီရန်အရာရှိများနှင့် တွေ့ဆုံမှုအားလုံးကို ဖျက်သိမ်းလိုက်ပြီး၊ ဆန္ဒပြသူများကို နှိပ်စက်သတ်ဖြတ်သူများသည် “ကြီးလေးသော ပေးဆပ်မှုများ” နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။ လိုအပ်ပါက စစ်ရေးအရ တုံ့ပြန်ရန် (Military Action) ကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်း ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အကြမ်းဖက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုကို လှုံ့ဆော်နေပြီး အီရန်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည်ဟု ကုလသမဂ္ဂတွင် စွပ်စွဲပြောဆိုခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ် Friedrich Merz က “အကြမ်းဖက်မှုနဲ့ အာဏာကို တည်မြဲအောင် လုပ်နေရတဲ့ အစိုးရဟာ နိဂုံးချုပ်ဖို့ နီးကပ်နေပြီဖြစ်တယ်” ဟု ဝေဖန်ခဲ့သည်။ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ကြောင်းနှင့် အမေရိကန်၏ စစ်ရေးအရ တုံ့ပြန်မှုများ ရှိလာပါက အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့လုံခြုံရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။
အီရန်အစိုးရက အင်တာနက်များကို ဖြတ်တောက်ထားသော်လည်း အီလွန်မတ်စ် (Elon Musk) ၏ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အီရန်တွင် အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသဖြင့် သတင်းအချက်အလက် စီးဆင်းမှုမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်အတွင်းရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် တူရကီ သို့မဟုတ် အာမေးနီးယား နိုင်ငံများမှတစ်ဆင့် အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းထားပါသည်။
Source: Nation Thailand
