ချင်းမိုင် ရေတံခွန်တွင် တောရေလျှံမှုကြောင့် ခရီးသွား ၂၅ ဦးအား စခန်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ချင်းမိုင် (Chiang Mai) ခရိုင်ရှိ မယ်တီးယာ ရေတံခွန် (Mae Tia Waterfall) ရှိ စခန်းတစ်ခု၌ ခိုနားနေသော ခရီးသွား ၂၅ ဦး ကို မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောရေလျှံကျမှု ဖြစ်ပေါ်လာပြီးနောက် ဘေးကင်းရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးခဲ့ရသည်။

ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်တီးယာ ချောင်းရေများ တိုးလာပြီး ရေတံခွန်သို့ သွားရာ လမ်းလျှောက်လမ်းကြောင်းပေါ်သို့ လျှံတက်ခဲ့သည်။ ထိုအချိန်တွင် ထိုနေရာရှိ စခန်း၌ တည်းခိုနေသော ခရီးသွား ၂၅ ဦးမှာ ရေစီးကြမ်း၍ ပိတ်မိ ခဲ့သည်။

Photo Courtesy of Op Luang National Park

အမျိုးသားဥယျာဉ်၏ Facebook စာမျက်နှာတွင် နံနက် ၁၀ နာရီက သတင်းဖော်ပြခဲ့ပြီး၊ နေ့လယ် ၂ နာရီတွင် ကယ်ဆယ်ရေးဝန်ထမ်း ၅၀ ကျော် သည် ခရီးသွားအားလုံးကို ဇစ်လိုင်း (zipline) များ အသုံးပြု၍ ဘေးကင်းရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိ ကြောင်း သိရသည်။

အူပ်လောင် အမျိုးသားဥယျာဉ် (Op Luang National Park) က ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ချုံထောင်း (Chom Thong) ခရိုင်ရှိ ရေတံခွန်ကို ယာယီပိတ်ထားလိုက်ကြောင်း ကြေညာခဲ့သည်။ အခြေအနေ တိုးတက်ကောင်းမွန်လာမှသာ ရေတံခွန်ကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

Source: Bangkok Post