နယ်စပ်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့၏ တုံ့ပြန်မှုကို ဝန်ကြီးချုပ်မှ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြား

ဝန်ကြီးချုပ် Anutin Charnvirakul (အနုတင် ချန်ဗီရာကူ) သည် ထိုင်းပိုင်နက်နယ်မြေအတွင်း ကမ္ဘောဒီးယားမှ နယ်မြေမိုင်းများ ထပ်မံချထားခြင်းသည် ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူညီချက် (Kuala Lumpur peace agreement) ကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုကို ၎င်း၏ အစိုးရမှ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူသည် အင်္ဂါနေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် သီစကက် (Si Sa Ket) သို့ သွားရောက်ခဲ့သည်။၎င်း၏ အစိုးရသည် တပ်မတော်၏ တုံ့ပြန်မှုကို ထောက်ခံသည် ဟု ၎င်းက ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

Photo Courtesy of SCMP

ဝန်ကြီးချုပ်သည် ဖူမက်ကွာ (Phu Makua) စစ်စခန်း၌ ထိုင်းပိုင်နက် နယ်မြေကို ကာကွယ်နေကြသည့် စစ်သားများနှင့် တွေ့ဆုံခဲ့သည်။၎င်းသည် တနင်္လာနေ့က သီစကက်ခရိုင်၊ ကန်သာရာလပ်ခ် (Kantharalak) ခရိုင်၌ ကမ္ဘောဒီးယား နယ်မြေမိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော စစ်သား ၄ ဦး ကို သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါ စစ်သားများအနက် တစ်ဦးမှာ ညာဘက်ခြေထောက် ဆုံးရှုံးခဲ့သည်။

Source: Bangkok Post