တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော စနစ်တကျ ဗုံးခွဲတိုက်ခိုက်မှုနှင့် မီးရှို့မှုများကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို နရာသီဝပ် အထူးလုံခြုံရေးတပ်ဖွဲ့မှူး ဗိုလ်ချုပ် Yod-arwut Puengpakdee က တစ်ရက်အကြာတွင် ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်လက်မှတ်ရေးထိုးခဲ့သည်။
အစိုးရဆန့်ကျင်ရေး အဖွဲ့များ၏ လှုပ်ရှားမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသည့် အခြေအနေမှာ လက်ရှိတွင် “စီမံခန့်ခွဲနိုင်သော အဆင့်” သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေအနေကို အာဏာပိုင်များက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဟု ယုံကြည်သည့်အတွက် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းက နရာသီဝပ်၊ ပတ္တနီ နှင့် ယာလာ ခရိုင် ၃ ခုရှိ PTT စက်သုံးဆီဆိုင်နှင့် ကုန်စုံဆိုင် ၁၁ ဆိုင်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် မီးလောင်မှုများကြောင့် ရဲအရာရှိ ၁ ဦး၊ မီးသတ်သမား ၁ ဦး နှင့် အရပ်သား ၂ ဦး၊ စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့သည်။နရာသီဝပ်ခရိုင်သည် ဆီဆိုင် ၅ ဆိုင်နှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ရသဖြင့် အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် ခရိုင်ဖြစ်ခဲ့သည်။
Source: Bangkok Post
