ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် Sanae Takaichi သည် ၎င်း၏အာဏာကို ခိုင်မာစေရန်နှင့် ပါတီ၏ လူထုထောက်ခံမှုကို ပြန်လည်မြှင့်တင်ရန်အတွက် လာမည့်သောကြာနေ့တွင် လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာလိုက်ပါသည်။
ဝန်ကြီးချုပ် တာဝန်ယူအပြီး ၃ လအကြာတွင် ဖြစ်ပေါ်လာသည့် ဤဆုံးဖြတ်ချက်အရ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကို ရွေးကောက်ပွဲနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး၊ ၎င်းသည် ဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုအပေါ် ပြည်သူများ၏ ယုံကြည်မှုကို တောင်းခံလိုက်သည့် အဆုံးအဖြတ်တစ်ခုလည်း ဖြစ်ပါသည်။

လက်ရှိတွင် ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ ဖိအားပေးမှုများအပြင်၊ သမ္မတ ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရနှင့် ဆက်ဆံရေး တည်ငြိမ်စေရန် ကြိုးပမ်းနေရသည့် ပြည်ပစိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။
ထို့အတူ ပြည်တွင်း၌လည်း Yoshihiko Noda ဦးဆောင်သည့် အတိုက်အခံ မဟာမိတ်အင်အားစုများ၏ စိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရပါသည်။
သို့သော် ဝန်ကြီးချုပ် Takaichi ကမူ ၎င်း၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများနှင့် လူငယ်ထု၏ ထောက်ခံမှုကို အသုံးချကာ လွှတ်တော်အတွင်း အင်အားအသာစီးရရှိရန် မျှော်လင့်ထားပါသည်။
ထို့ကြောင့် ဤရွေးကောက်ပွဲသည် ဂျပန်နိုင်ငံ၏ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာနှင့် ရှေ့ဆက်ရမည့် စီးပွားရေး၊ လုံခြုံရေး မူဝါဒများအတွက် အလွန်အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။
Source: NY Times
