အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် (စနေနေ့) တွင် ကနေဒါနိုင်ငံမှ တင်သွင်းသော ကုန်စည်အားလုံးအပေါ် ၁၀၀% အခွန်စည်းကြပ်မည်ဟု ခြိမ်းခြောက်လိုက်ပြီး၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) အနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေးပြုလုပ်ခြင်းမှာ နိုင်ငံကို အန္တရာယ်ဖြစ်စေသည်ဟု သတိပေးလိုက်သည်။
ထရန့်၏ သတိပေးချက်နှင့် ပြောကြားချက်များကတော့တရုတ်နိုင်ငံသည် ကနေဒါကို “အရှင်လတ်လတ် ဝါးမြိုသွားလိမ့်မည်” ဟု ထရန့်က ၎င်း၏ Truth Social စာမျက်နှာတွင် ရေးသားခဲ့ပြီး၊ တရုတ်သည် ကနေဒါစီးပွားရေးနှင့် လူမှုဘဝပုံစံကို ဖျက်ဆီးလိမ့်မည်ဟု ဆိုသည်။တရုတ်သည် ၎င်း၏ကုန်စည်များကို အမေရိကန်သို့ တင်သွင်းရန်အတွက် ကနေဒါကို ကြားခံနယ်မြေ (Drop-off port) အဖြစ် အသုံးချလာမည်ကို ထရန့်က စိုးရိမ်နေသည်။
အကယ်၍ ကနေဒါက တရုတ်နှင့် သဘောတူညီချက်ကို ဆက်လုပ်ပါက အမေရိကန်သို့ ဝင်ရောက်လာမည့် ကနေဒါထုတ်ကုန်အားလုံးအပေါ် ချက်ချင်း ၁၀၀% အခွန် စည်းကြပ်မည်ဖြစ်သည်။
ကနေဒါ၏ တုံ့ပြန်မှုမှာဝန်ကြီးချုပ် မာ့ခ်ကာနေးသည် ထရန့်၏ ခြိမ်းခြောက်မှုကို တိုက်ရိုက်မတုံ့ပြန်ဘဲ ကနေဒါပြည်သူများအနေဖြင့် “ပြည်တွင်းဖြစ်ကိုသာ အားပေးရန်” နှင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကို မိမိတို့ဘာသာ ထိန်းချုပ်ရန် တိုက်တွန်းခဲ့သည်။ကနေဒါသည် တရုတ်နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) မပြုလုပ်ထားဘဲ ယခင်ကရှိခဲ့သည့် အခွန်ဆိုင်ရာ ပြဿနာအချို့ကိုသာ ဖြေရှင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာသေးမီကပင် တင်းမာမှုများ ရှိနေခဲ့သည် –
ဂရင်းလန်းအရေး: ကနေဒါဝန်ကြီးချုပ် ကာနေးက ထရန့်၏ ဂရင်းလန်းကျွန်း သိမ်းယူမည့်အရေးကို ဝေဖန်ခဲ့သည်။
ဒါးဗို့စ် (Davos) မိန့်ခွန်း: ကာနေးက အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု (Hegemony) ကို ရှောင်ရှားရန် အလယ်အလတ်အင်အားရှိသော နိုင်ငံများ (Middle Powers) အတူတကွ လက်တွဲသင့်ကြောင်း ပြောကြားခဲ့သည်။
Peace Initiative: ထရန့်သည် ကနေဒါကို ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်များမှ ဖယ်ထုတ်ခဲ့သလို၊ အမေရိကန်-ကနေဒါ-မက္ကဆီကို ကုန်သွယ်ရေးစာချုပ် (USMCA) ကိုလည်း “အသုံးမဝင်တော့ဘူး” ဟု ပယ်ချခဲ့သည်။
Source: The Nation
