ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ချင်းမိုင်ခရိုင်၊ ကျွမ်းထောင် (Chom Thong) မြို့နယ်ရှိ လူသူဝေးသော တောတွင်းတစ်နေရာ၌ လေယာဉ်တစ်စီး ပျက်ကျမီးလောင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့များထံ သတင်းပေးပို့ချက် ရောက်ရှိလာခဲ့သည်။
ဖြစ်စဉ်အသေးစိတ်ဖြစ်စဉ်မှာ ချင်းမိုင်ခရိုင်၊ ကျွမ်းထောင်မြို့နယ်၊ မယ်စွိုင် (Mae Soi) တိုက်နယ်၊ ကျေးရွာအမှတ် (၆)၊ ဘန်ဟွေးမောင်းဖိုင်စိုင် (Ban Huay Muang Fai Sai) အနီးရှိ တောတွင်းတစ်နေရာတွင် လေယာဉ်အမျိုးအစား: လေတပ်ပိုင် AT-6 အမျိုးအစား အဖြူရောင် အပေါ့စားတိုက်ခိုက်ရေး သို့မဟုတ် လေ့ကျင့်ရေးလေယာဉ် ဖြစ်သည်။ လေယာဉ်တောင်ပံများတွင် လေတပ်၏ အဖြူ၊ အနီ၊ အပြာ စက်ဝိုင်းပုံ အမှတ်တံဆိပ်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။လေယာဉ်သည် မြေပြင်သို့ ပျက်ကျပြီးနောက် အကြီးအကျယ် ပျက်စီးကာ မီးလောင်ကျွမ်းခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံအာဏာပိုင်များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် လေယာဉ်ပေါ်ပါလာသူ ၂ ဦး သေဆုံး နေသည်ကို တွေ့ရှိခဲ့ရသည်။ လက်ရှိအချိန်အထိ သေဆုံးသူများ၏ အမည်နှင့် ရာထူးအဆင့်အတန်းကိုမူ တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ လေယာဉ်သည် ချင်းမိုင်မြို့ရှိ အမှတ် (၄၁၁) လေတပ်စခန်း (Wing 411) မှ ပျံသန်းလာခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် လေတပ်မှ ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ အရာရှိများက စုံစမ်းစစ်ဆေးမှုများ ချက်ချင်း စတင်ပြုလုပ်နေပြီ ဖြစ်သည်။
Source: Thairath English
