Thaksin ခံဝန်ဖြင့် လွတ်မြောက်မည်ဟု တရားရေးဝန်ကြီးဌာန အတည်ပြု

ယခင်ထိုင်းဝန်ကြီးချုပ် Thaksin Shinawatra သည် လာမည့် ၂ လအတွင်း ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာမည့် အကျဉ်းသား ၁၀ ဦးစာရင်းတွင် ပါဝင်နေကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက အတည်ပြုလိုက်သည်။

၎င်းသည် နိုင်ငံတော်အပေါ် တာဝန်ကျေပွန်ခဲ့မှုများကြောင့် မူလပြစ်ဒဏ် ၈ နှစ်မှ ၁ နှစ်သို့ လျှော့ပေါ့ခံခဲ့ရသူဖြစ်ပြီး၊ အကျဉ်းဦးစီးဌာန၏ သတ်မှတ်ချက်ဖြစ်သော ပြစ်ဒဏ်ကာလ ၃ ပုံ ၂ ပုံ (၈ လ) ပြည့်မြောက်ခြင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ခြင်းဟူသော စံနှုန်းများနှင့် ကိုက်ညီနေခြင်းဖြစ်သည်။

လက်ရှိတွင် Klong Prem Central အကျဉ်းထောင်မှ စိစစ်တင်ပြထားသော အမည်စာရင်းကို အကျဉ်းဦးစီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့က အဆင့်ဆင့်အတည်ပြုရန် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေသည်။ Thaksin သည် ပြန်လည်လွတ်မြောက်လာပါက သက်ဆိုင်ရာရဲစခန်းသို့ နေရပ်လိပ်စာ သတင်းပို့ရမည်ဖြစ်ပြီး၊ ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ခြေချုပ်လက်ပတ် (EM bracelet) တပ်ဆင်ရန် လိုအပ်ခြင်း ရှိ၊ မရှိကို တရားရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source; Thaiger