ဒီဖမ်းဆီးမှုကို မနေ့က (ဧပြီလ ၄ ရက်) ည ၇ နာရီကျော်အချိန်မှာ နမ်ကလပ် (Nam Klerk) စစ်ဆေးရေးဂိတ်အနီးမှာ ဒေသန္တရရဲတပ်ဖွဲ့၊ အကောက်ခွန်နဲ့ စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဖြူရောင် Toyota Revo ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာမှာ ကားနောက်ခန်းက ရေခဲအိတ်တွေအောက်မှာ ပုန်းလျှိုးဝှက်တင်ဆောင်လာတဲ့ Gasohol ဆီပုံး ၄၂ ပုံး (စုစုပေါင်း ၁,၂၆၀ လီတာ) ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ဖမ်းဆီးရမိသူမှာ အသက် ၄၃ နှစ်အရွယ် မောင်ခွန် (Mongkol Wongmanee) ဆိုသူဖြစ်ပြီး သူဟာ ဆောင်ခလာဘူရီ ဒေသခံတစ်ဦး ဖြစ်ပါတယ်။
သူဟာ ဒီဆီတွေကို ထိုင်းဘက်မှာ တစ်လီတာကို ၆၀ ဘတ် နဲ့ ဝယ်ယူခဲ့ပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းမှာ တစ်လီတာကို ၁၀၀ ဘတ် နဲ့ ပြန်လည်ရောင်းချဖို့အတွက် တောလမ်း (Natural Border Crossings) တွေကနေ ခိုးထုတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် ဆီတွေ၊ ကားနဲ့ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းခဲ့ပြီး၊ တရားခံကိုတော့ အကောက်ခွန်ဥပဒေအရ တရားမဝင် ကုန်ပစ္စည်းတင်ပို့မှုနဲ့ အရေးယူသွားမှာပါ။
လက်ရှိမှာ စက်သုံးဆီဈေးနှုန်းတွေ တက်နေတာကြောင့် နယ်စပ်တစ်လျှောက်မှာ အခုလို ဆီခိုးထုတ်တဲ့ဂိုဏ်းတွေကို ဖမ်းဆီးနိုင်ဖို့ ကန်ချနာဘူရီခရိုင်အုပ်ချုပ်ရေးမှူးက လုံခြုံရေးကို တင်းကျပ်ထားစဉ်မှာ ခုလို မိခဲ့တာ ဖြစ်ပါတယ်။
Source;ThaiPBS
