Orion အာကာသယာဉ်အတွင်းကနေ အာကာသယာဉ်မှူးတွေ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံတွေဟာ လူသားတွေ လကမ္ဘာဆီ ပြန်လည်ခြေချနိုင်ဖို့ ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။
NASA ထုတ်ပြန်လိုက်တဲ့ ပုံရိပ်မြင့် ဓာတ်ပုံတစ်ပုံမှာ ကမ္ဘာမြေကြီးကို ဝင်ရိုးစွန်းအလင်းတန်း (Auroras) နှစ်ခု၊ ဇိုးဒီယက်ကယ်အလင်း (Zodiacal Light) တို့နဲ့အတူ လှပစွာ တွေ့မြင်ရပါတယ်။အာကာသယာဉ်မှူး Reid Wiseman က Orion ယာဉ်ရဲ့ ပြတင်းပေါက်ကနေ ကမ္ဘာမြေကြီးကို ပြန်လည်ငေးကြည့်နေတဲ့ ပုံရိပ်ကလည်း လူသားတွေ အာကာသထဲ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိနေပြီဆိုတာကို ပြသနေပါတယ်။

Artemis II ဟာ ၁၉၇၂ ခုနှစ် Apollo 17 မစ်ရှင်နောက်ပိုင်း လူသားတွေ ကမ္ဘာပတ်လမ်းကြောင်းကို ကျော်လွန်ပြီး ပထမဆုံးအကြိမ် ခရီးနှင်ခြင်း ဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ လကမ္ဘာပေါ်ကို တိုက်ရိုက်ဆင်းသက်မှာ မဟုတ်ဘဲ၊ လကမ္ဘာကို ပတ်ပြီး ကမ္ဘာမြေဆီ ပြန်လည်ဦးတည်မယ့် (Lunar Flyby) ခရီးစဉ် ဖြစ်ပါတယ်။
ဒီခရီးစဉ်ကနေ Orion အာကာသယာဉ်နဲ့ Space Launch System (SLS) ဒုံးပျံတွေရဲ့ အာကာသနက်ပိုင်း (Deep Space) အတွင်း ခံနိုင်ရည်နဲ့ စွမ်းဆောင်ရည်တွေကို နောင်လာမယ့် လပေါ်ခြေချမယ့် မစ်ရှင်တွေအတွက် စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
Source;The Nation
