သင်္ကြန်သုံးရက်အတွင်း ယာဉ်တိုက်မှုများကြောင့် ၉၅ ဦး သေဆုံး၊ ဘန်ကောက်တွင် အများဆုံးဖြစ်နေ

ဧပြီလ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တာကာလအတွင်း တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုပေါင်း ၅၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၈၆ ဦး ရှိခဲ့ပါတယ်။

ဘန်ကောက် (Bangkok) မြို့မှာ သေဆုံးသူ ၆ ဦးနဲ့ အများဆုံးရှိနေပြီး၊ လမ်းပန်း (Lampang)ခရိုင်မှာတော့ မတော်တဆမှုနဲ့ ဒဏ်ရာရရှိသူ အများဆုံး (၂၅ ကြိမ်စီ) ဖြစ်ပွားခဲ့ပါတယ်။ ခရိုင်ပေါင်း ၃၀ မှာတော့ သေဆုံးသူ လုံးဝမရှိသေးပါဘူး။ ဧပြီလ ၁၂ ရက် တစ်ရက်တည်းမှာတင် မတော်တဆမှု ၁၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၄ ဦး သေဆုံးခဲ့ပါတယ်။ အဓိကအကြောင်းရင်းတွေကတော့ အရှိန်ပြင်းစွာမောင်းနှင်ခြင်း (၄၆.၂%) နဲ့ အရက်သောက်မောင်းနှင်ခြင်း (၂၄.၅%) တို့ ဖြစ်ပါတယ်။

မတော်တဆမှုတွေရဲ့ ၇၇.၁၇ ရာခိုင်နှုန်း မှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်နေပြီး၊ ညနေ ၃ နာရီမှ ၆ နာရီ အကြားဟာ အဖြစ်အများဆုံးအချိန် ဖြစ်ပါတယ်။ ထိခိုက်မှုအများဆုံး အသက်အုပ်စုမှာ ၂၀ မှ ၂၉ နှစ်ကြား လူငယ်တွေ ဖြစ်ပါတယ်။ အသက် ၂၀ အောက် ကလေးငယ်တွေကို အရက်ရောင်းချမှုရှိမရှိ စစ်ဆေးတာ၊ အရက်သောက်မောင်းနှင်မှုကြောင့် ထိခိုက်သေဆုံးမှုဖြစ်ရင် ရောင်းချတဲ့ဆိုင်နဲ့ မိဘအုပ်ထိန်းသူတွေကိုပါ ထိရောက်စွာ အရေးယူဖို့ ညွှန်ကြားထားပါတယ်။

ဆိုင်ကယ်စီးလာသူတွေကို တိုက်ရိုက်ရေပက်တာ (ထိန်းချုပ်မှုလွတ်နိုင်လို့)၊ လမ်းလယ်ခေါင်မှာ ရေပက်တာနဲ့ ပစ်ကပ်ကားနောက်ခန်းမှာ မတ်တတ်ရပ်စီးပြီး ရေပက်တာတွေကို အန္တရာယ်များတဲ့အတွက် ရှောင်ကြဉ်ကြဖို့ အာဏာပိုင်တွေက အထူးတိုက်တွန်းထားပါတယ်။

Source;The Nation