ခရီးစဉ် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက SAWASDEE by AOT အက်ပ်ကို အသုံးပြု၍ လေယာဉ်အခြေအနေကို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်သလို လေကြောင်းလိုင်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
၁။ လေကြောင်းလိုင်း ဝဘ်ဆိုဒ် သို့မဟုတ် SAWASDEE App တွင် ခရီးစဉ်အခြေအနေကို အမြန်စစ်ဆေးပါ။
၂။ Check-in ကောင်တာ သို့မဟုတ် Call Center သို့ ချက်ချင်းဆက်သွယ်ပါ။
၃။ ငွေပြန်အမ်းခြင်း (Refund) သို့မဟုတ် ခရီးစဉ်အသစ်ပြောင်းလဲခြင်း (Rebooking) ရွေးချယ်စရာများကို မေးမြန်းပါ။
၄။ အစားအသောက်၊ တည်းခိုနေထိုင်ရေးနှင့် ငွေသားနစ်နာကြေး ရပိုင်ခွင့်များကို စစ်ဆေးပါ။
၅။ ခရီးသွားအာမခံ (Travel Insurance) ရှိပါက ထပ်ဆောင်းလျော်ကြေးအတွက် စစ်ဆေးပါ။

ရပိုင်ခွင့်နှင့် နစ်နာကြေး နှုန်းထားများ
▪️ပြည်တွင်းခရီးစဉ်အတွက် အစားအသောက်၊ ဖုန်း/အင်တာနက်၊ တည်းခိုစရိတ်နှင့် ၁,၅၀၀ ဘတ်
▪️နိုင်ငံတကာ (၁,၅၀၀ ကီလိုမီတာအောက်) အတွက် အစားအသောက်၊ ဖုန်း/အင်တာနက်၊ တည်းခိုစရိတ် နှင့်၂,၀၀၀ ဘတ်
▪️နိုင်ငံတကာ (၁,၅၀၀ – ၃,၅၀၀ ကီလိုမီတာ)အတွက် အစားအသောက်၊ ဖုန်း/အင်တာနက်၊ တည်းခိုစရိတ်နှင့် ၃,၅၀၀ ဘတ်
▪️နိုင်ငံတကာ (၃,၅၀၀ ကီလိုမီတာအထက်) အတွက် အစားအသောက်၊ ဖုန်း/အင်တာနက်၊ တည်းခိုစရိတ်နှင့် ၄,၅၀၀ ဘတ်
လေကြောင်းလိုင်းမှ ကြိုတင်အကြောင်းကြားထားလျှင်သော်လည်းကောင်း၊ ရာသီဥတု သို့မဟုတ် နိုင်ငံရေးအခြေအနေကဲ့သို့ မလွှဲမရှောင်သာသော အကြောင်းရင်းများကြောင့် ဖြစ်လျှင်သော်လည်းကောင်း နစ်နာကြေး ရရှိမည်မဟုတ်ပါ။
Source; The Nation
