မီးလောင်မှုသည် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကြီးမားသော ရေနံစိမ်းသိုလှောင်ကန်၏ အမိုးပိုင်းကို လျှပ်စီးတိုက်ရိုက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုပါတယ်။
စက်ရုံရှိ မီးသတ်အဖွဲ့နှင့် ဒေသန္တရ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက အမြှုပ် (Foam) များ အသုံးပြု၍ အမြန်ဆုံး ငြှိမ်းသတ်ခဲ့သဖြင့် အနီးနားရှိ အခြားသိုလှောင်ကန်များသို့ ကူးစက်ခြင်းမရှိဘဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မီးငြိမ်းသွားပြီဖြစ်သော်လည်း ပြန်လည်မလောင်ကျွမ်းစေရန်အတွက် ကန်ကို ရေဖြန်း၍ အအေးခံ (Cooling) လုပ်ဆောင်နေပါတယ်။ ဤဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိပါ။

လေထုအရည်အသွေးကို စောင့်ကြည့်ရန်အတွက် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) နှင့် ညှိနှိုင်းဆောင်ရွက်နေပြီး၊ အနီးနားရှိ လူနေရပ်ကွက်များတွင် မီးခိုးနံ့ သို့မဟုတ် အနံ့ဆိုးများ ကျန်ရှိနေခြင်း ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်နေပါတယ်။
စက်ရုံ၏ လျှပ်စီးကာကွယ်ရေးစနစ် (Lightning Protection System) ဘာကြောင့် ကောင်းမွန်စွာ အလုပ်မလုပ်ခဲ့သလဲဆိုသည်ကို ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ရဲတပ်ဖွဲ့က အသေးစိတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
Source;The Nation
